မြန်မာပြည်သူတွေကို ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနဲ့အညီ နိုင်ငံတကာအသိုက် အဝန်းက အမြန်ဆုံးအကာအကွယ်ပေးဖို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
ဇန်နဝါရီ ၂၅ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့အတွက်ကြောင့် မြန်မာပြည်သူတွေကို ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနဲ့အညီ နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံးအကာအကွယ်ပေးဖို့လိုအပ်နေတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၅၆ ကြိမ်မြောက် မျက်နှာ စုံညီအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက်က နယူး ယောက်မြို့မှာ ပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထက် ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာ့စစ်တပ်ရဲ့ ပြစ်မှုများကျူးလွန်မှုကြောင့် ထိခိုက်ခံစားရသူတွေ ပိုမို မတိုးပွားလာစေရန် ဆောင်ရွက်ပေးစေလိုကြောင်းနဲ့ မြန်မာပြည်သူပြည်သားတွေအပေါ် စစ်တပ်ကကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇဝတ်မှု အန္တရာယ်တွေကို အကာအကွယ်ပေးနိုင်ဖို့ ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနဲ့အညီ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကုလသမဂ္ဂက တစ်ဆင့် ဖြစ်နိုင်တဲ့နည်းလမ်းစုံကို အသုံးပြုပြီး အချိန်မီပြတ်သားစွာ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုပြီး သံအမတ်ကြီး ဦးကျော် မိုးထွန်းက ပြောကြားလိုက်တာပါ။
ဒါအပြင် မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးပြီး လူသားမဆန်တဲ့ ရက် စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ အို အိမ်တွေပျက်စီးဆုံးရှုံးရသလို ဘာသာရေးအဆောက်အအုံတွေ၊ ကျန်းမာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးခဲ့ရကြောင်းနဲ့ ပြည်သူတွေအနေနဲ့ သေကြေရတာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ရာနဲချီပြီးတော့ လည်း စစ်ဘေးရှောင်အနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတာတွေကြောင့် ဒုက္ခတွေခံစားနေရတယ်လို့လည်း ပြောကြားထားပါ တယ်။ ဒီလိုကြုံတွေ့နေရတဲ့သူတွေအထဲမှာ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ ကလေးငယ် တွေပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါတွေက အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေကို ချိုး ဖောက်နေတာဖြစ်ပြီးတော့ ဒီအချက်တွေက လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့လည်း ဦးကျော်မိုး ထွန်းက ထောက်ပြထားပါတယ်။
အထက်ပါအချက်အလက်တွေကိုကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ ပိုမိုဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မယ့် ရန်စွယ် အန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက် မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီနဲ့ အကာအကွယ်ပေးမှုကို လိုအပ်နေ တာကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကတိကဝတ်ပြုမှုနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ခိုင်မာပြီး မမှိတ်မသုန် ထောက်ခံမှုတွေနဲ့ အကြမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အပြီးတိုင်အဆုံးသတ်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဖော်ဆောင်နိုင်ကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကိုလည်း ပေးအပ်နိုင်မှာ ဖြစ်တယ်လို့ ပြောကြားထားတာ တွေ့ရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။