မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အာရှ-ဥရောပ နိုင်ငံ့ခေါင်းဆောင်တွေ တိုက်တွန်း၊ မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့် ထပ်မံပိတ်ပင်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အာရှ-ဥရောပ နိုင်ငံ့ခေါင်းဆောင်တွေ တိုက်တွန်း၊ မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့် ထပ်မံပိတ်ပင်
၂၉ နိုဝင်ဘာလ ၂၀၂၁

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှနဲ့ ဥရောပ နိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ အာရှ-ဥရောပအစည်းအဝေး(ASEM)ကို ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ်အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဘဲ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

အာရှနဲ့ဥရောပက နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပအစည်း အဝေး(ASEM) အပြီး ထုတ်ပြန်ချက်မှာ အာဏာသိမ်းမှုက ရပ်တန့်လိုက်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆီပြန်သွားရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံရေး စတဲ့အချက်တွေကို တောင်းဆိုဖော်ပြထားပါတယ်။

“ခေါင်းဆောင်တွေက မြန်မာနိုင်ငံအခြေအနေအပေါ် လွန်စွာစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ ပြီး ပဋိပက္ခလျော့ကျရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ခိုင်ခိုင်မာမာ ထောက်ခံမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်” လို့ ASEM အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံပါဝင်တဲ့ အစည်းအဝေးတွေ ကနေ ၃ ကြိမ်မြောက် ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံအထူးအစည်းအဝေးနဲ့ အခု အာရှ-ဥရောပအစည်းအဝေးတို့ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#News

Add your reaction

  1. သိခြင်တာ အရူးကမသွားရင် တိုက်တွန်းတဲသူတွေကဘာလုပ်မှာလဲ တိုက်တွန်းလို့မရဘူးဆိုတာသိနေပြီပဲ

  2. ASEM ထုတ်ပြန်ချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံပါတယ်ရှင်

  3. ASEAN,ရယ်၊ရှင်းရှင်းလေးကို ရှုပ်နေတာ။ဓပြတိုက်တဲ့အမှုကို ဓပြမှုနဲ့ ဖမ်း၊သူခိုး ခိုးတဲ့အမှုကို “သူခိုး”မှုနဲ့ ဖမ်းလိုက် ပီးတာဘဲကို။

  4. လက်နက်မဲ့ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကဒီမိုကရေစီလမ်းကြောင်းမှန်သွားနေကြတာကိုလက်နက်မျိုးစုံကျွမ်းကျင်ဝါရင့်လူသတ်ကောင်တွေသုံးပြီးဖျက်ဆီးနေသူကိုအမြန်ဆုံးရှင်းပေးပါလား

  5. စစ်တပ်ခေါင်းဆောင်မအလအရမ်းရုပ်မာနိုင်ငံအတွက်အလုပ်နေတဲ့သူတွေကိုမတရားဖန်းထောင်ချ

  6. တောင်းဆိုနေတာကုလအပါဝင် တကမ္ဘာလုံး အတိုင်း အတာနဲ့တောင်းဆိုလာတာကြာပါပြီး။ပါစပ်နဲ့ပြောမရတဲ့နွားကိုကြိမ်နဲ့ရိုက်ပေရသလို တဆင့်တို လုပ်ဆောင်ဖို့လိုအပ်နေပါပြီး

  7. UN နဲ့ ASEM တိုက်တွန်း / စိုးရိမ်း / တံခါးဖွင့် / တံခါးပိတ် အဲ့ အလုပ်ကလွဲပြီး ဘာမှ မလုပ်ပါ ကမ္ဘာ. အလည်မှာ လုံးဝ လုံးဝ မရှိသင့်သော အဖွဲ့တေွပါ ကမ္ဘာ့ပြည်သူတေွကို လိမ်ညာဖို့ အတွက်ဖွဲ့ထားတဲ့ အဖွဲ့ကြီးပါ အဖွဲ့ ကြီးရဲ့ ဂုဏ် သိက္ခာ လုံးဝ လုံးဝ မရှိသော အဖွဲ့ တေွပါ ၊ လုံးဝ လုံးဝ ကို မရှိသင့်သော အဖွဲ့ တေွပါ ၊ လုံးဝ လုံးဝ ကို ဖျက်သိမ်း သင့်သော အဖွဲ့တေွပါ ။

  8. စိုးရိမ်တယ် အထူးစိုးရိမ်ပါတယ်ပေ့ါ ဒါပါပဲ တခါလာလဲ

  9. စိုးရိမ်နေတာနဲ့ပဲ သူတို့ကိုတောင်ပြန်စိုးရိမ်ပေးနေရ မလိုလို

  10. ပိတ်ပင်ရှုံ့ချရုံနှင့် မရတော့ဘူး တကယ်တိုက်ထုပ်မှရတော့ မယ်

  11. ဒီကောင်တွေကလူလိုပြောလဲနားလည်မှက်ကောင်တွေမဟုတ်ဘူးမြန်မြန်သာလာရှင်းပါတောပြည်သူတွေတော်တော်ခံနေရပြီ

  12. တခါလာလဲရွာအလျှူမှာသာအေးမဲပြာပုဆိုး..ဘုရားပွဲရက်ရှည်အလျှူလဲသာအေးမဲပြာပုဆိုးအလျှူလဲပြီးရောဝတ်ထားတဲ့ပုဆိုးကအရစ်လိုက်အရစ်လိုက်ပြတ်ကျပါလေရောသာအေးလဲအိမ်ဆုပ်လေထဲကလုံးဝကိုအပြင်မထွက်တော့ဘူး…အောသာအေး..သာအေး

  13. အာဏာသိမ်းပြီသူတို့အဖွဲ့တွေအနိုင်ရမယ့်လမ်းကိုလျှောက်မှာ
    ဟန်ပြဒီမိုကရေစီပါ
    စစ်တပ်ကဒီမိုကရေးစီရွေးကောက်ပွဲအတွက်ပါစရာမလို

  14. လူမဟုတ်တဲ့ကောင်ကိုလူထင်နေကြရင်တော့အများကြီးကြာနေမယ်။မြန်မြန်မောင်းထုတ်ရမယ်။လက်နက်နဲ့မှမြန်မြန်ထွက်မှာ။

  15. တစ်နိူင်ငံတစ်ခုရဲ့
    Mother Law ဝင်ရောက်စွက်ဖက်မရပါဘူးလေ

  16. ကန့်ကွက်ပါ တယ်
    ရှုံ့ချပါတယ်
    စိုးရိမ်ပါတယ်
    ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်
    ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်
    အထူးစိုးရိမ်ပါတယ်
    တံခါးပိတ်ပြီးကန့်ကွက်ရှုံ့ချ
    စိုးရိမ်ပါတယ်
    အားရပါးရ ပစ်စလက်ခတ်
    အထူးအားဖြင့် အလွန့်အလွန်
    အလွန်အမင်း အရမ်းအရမ်း
    ကိုကန့်ကွက် ရှုံ့ချစိုးရိမ်ပါတယ်
    မြန်မာပြည်သူများ
    ခံဗျား

  17. လုပ်​လိုက်​တဲ့အစည်း​ဝေး စစ်​​ခွေးကိုပယ်​ချလိုက်​တဲ့နိုင်​ငံကလည်းမနည်း မပီးနိုင်​တဲ့နိုင်​ငံ​ရေးမှာ အသက်​​ပေး​နေရတာပြည်​သူ​တွေထိပ်​စီးပိုင်း​တွေ လှုံ့​ဆော်​လိုက်​ လက်​​အောက်​ပြည်​သု​တွေကိုဖမ်းလိုက်​သက်​လိုက်​ နှိုပ်​စက်​လိုက်​နဲ့ စစ်​လည်းပီး လူမျီုးလညိးတုန်း​ရော​ပေါ့ စိုးရိမ်​​နေရတယ်​​ပြောတဲ့နိုင်​ငံ​တွေကိုလည်း တခြားစကား​လေး​ပြောင်း​ပြော​ပေးပါဦးလို့

  18. ဘာ အစည်းအ​ဝေးကျန်​သေးလဲ တစ်ခုမှမတက်ဘူးလို့ ဖိတ်ဖိတ် ပိတ်ပိတ် ဒါဗြဲ….

  19. စစ်တပ်နာမည်ခံ သူပုန်တပ်ခေါင်းဆောင်လို့ရေးပေးပါ

  20. တက်​ရောက်ခွင့်ရှိသည်နေရာ စစ်ခုံရုးံအာဏရှင်တွေအားလုးံသေမိန့်

  21. ကမ္ဘာကြီး…မှာ
    စကစ…ကို
    လက်မခံတော့ဘူး
    ဆိုတာ
    ခဏခဏ.. ပြောလာပြီ

    ဒါဟာ
    အကြမ်းဖက်
    ဘယ်သူဆိုတာ
    ရှင်းပြစရာ
    မလိုတဲ့
    ထောက်ခံချက်..ပါဘဲ

    ရှက်ကြောပြတ်တို့
    နားလည်သင့်ပြီ…

  22. ဘယ်နိုင့်ငံကရှုတ်ချချ
    မအလ ကတော့လူသတ်ဆဲ
    တရားမဲ့ဥပဒေတွေထုတ်စမြဲဘဲ
    မြန်မာနိုင်ငံကိုအကြည်ညိုပျက်အောင်လုပ်နေလျက်ပါဘဲ
    သင်တို့နိုင်ငံကြီးသားတွေထဲမှာလူသတ်လက်နက်တွေရောင်းချပေးနေတဲ့နိင်ငံတွေကိုသာဝိုင်းဝန်းရှုတ်ချကြပါ
    ငါတို့မြန်မာပြည်သားတွေထဲမှာဘူတစ်ယောက်သိက္ခာမရှိပေမဲ့
    သန်းငါးဆယ်ကတော့မျိုးချစ်သူရဲကောင်းတွေချည်းပါဘဲ

  23. တိုက်တွန်းလို့ပေးနေရင်အစကတည်းဖြစ်မလာပါဘူး မပေးချင်လို့ ရက်စက်နေတာဒီနေ့ဒီအချိန်အထိပါပဲ

  24. အပြောနှင့်မပြီးပါ။လေစားလေရော်ဖြစ်နေသည်။လက်တွေ့ကိုသာအမြန်ဆုံးဖြစ်စေချင်တာပြည်သူအားလုံးရဲ့ဆန္ဒပါ

  25. ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်။ ငါ့လှေငါထိုးပဲခူးရောက်ရောက်။ ဆိုပေမဲ့လည်းလေ အိမ်ထဲကအိမ်ပြင်မထွက်ရဲဘူး။ကိုဗစ်အဘကိုကြောက်လို့ ။

  26. မင်းတို့ဘယ်လိုပြောပြော အဲ့လိုချန်ပြီး ကန်ပလန့်တိုက်နေသရွေ့ဘယ်တော့မှ ဖြစ်မလာဘူး😎မြန်မာ့အရေးက လက်ဖက်ရေဝိုင်းပြောစကားလိုတောင်ဖြစ်နေပြီ၊

  27. မင်းတို့မလည်း ပြည့်သူ သန်း50အကုန်သေလို့တောင်အစည်းဝေးက ခိုင်မာတဲ့ ဆုံးဖြတ်ချက်လုပ်ရပ်ဖြစ်လာပါအုံးမလား အားအားရှိအစည်းဝေးပဲထိုင်နေလိုက် pရင်စာထုတ်လိုက် ဒီလိုနဲ့ပဲ ဒစ်လည်နေတယ်

  28. ပျံနေတဲငက် ရေကူးခိုင်း ငါးတေွ လေ ပေါ်ပျံခိုင်းရင်ရချင်ရမယ်ႏွားချိုကိုႏို႔ညႇစ်လို႔ရချင်ရမယ် မင်းအောင်လိုင်တို႔အဖွဲ႔မွာ ဒီမိုကရေစီတို႔တရားမျ တခြင်းတို႔ဆိုတာမရိဘူး ပြည်သူတေွပညာတတ်မွာစိုးတယ်ချမ်းသာမွာစိုးတယ်

  29. တိုက်တွန်းလို့မရဘူး ခုထိနားမလည်ကြပါလား
    မအလ ဆဂပ က
    လူလိုပြောလို့မရဘူး

  30. စိုးရိမ်စိတ်တွေ လွန်ကဲရင် သွေးတိုး နှလုံး ရောဂါနဲ့ စိတ်ကျရောဂါများဖြစ်တတ်တာမို့ ထိန်း ထိန်းသိမ်းသိမ်း သာစိုးရိမ်ပေးကြပါရှင်

  31. စကားနဲ့ပြောရင် အချို့နားလည်ကြတယ်..
    အချို့ကကျတော့..လက်နဲ့ ခပ်ရိုင်းရိုင်းလုပ်မှ သိတာရှိပါတယ်ခင်ဗျ..

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.