မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများသို့ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပန်ကြားချက်ထုတ်

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများသို့ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပန်ကြားချက်ထုတ်
အောက်တိုဘာ ၆ ၊ ၂၀၂၂

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများသို့ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ပန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ့ပန်ကြားချက်ထဲမှာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က စဉ်ဆက်မပျက် ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်(၁၇)ရပ်နဲ့ အညီ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ် ဆောင်ရွက်နေတဲ့အတွက် များစွာ ဂုဏ်ယူမိတယ်ဆိုတာနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ အပစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ ကျေးရွာများကို မီးရှို့ဖျက် ဆီးခြင်းတို့ကြောင့် ထွက်ပြေးတိမ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူများကို ကုလသမဂ္ဂမှ ထိရောက်စွာ အကူအညီပေးနိုင်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ပူးပေါင်းဆောင်ရွက်ရန် အမြဲတမ်းအဆင်သင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် လက်ရှိအချိန်မှာ စစ်ကောင်စီလက်ကိုင်တုတ်များဖြစ်တဲ့ ပျူစောထီးအဖွဲ့တွေက စစ်ဘေးရှောင်ပြည်သူများထံသွားရောက် ကူညီနေတဲ့ ကုလသမဂ္ဂဝန်ထမ်းများအား People Defense Force (PDF) အယောင်ဆောင်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် စီမံချက်ချဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းများအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေများဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တို့မှာ သွားရောက်ပြီး အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ရင် လုံခြုံရေးနဲ့ ကူညီထောက် ပံ့ရေးလုပ်ငန်းတွေမှာ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ(ပ.အ.ဖ)နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပ.က.ဖ) ​တွေ က ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ အကြောင်း ကြား ဆက်သွယ်ဆောင်ရွက်ပါရန် လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်ချက်ထဲမှာ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တွဲဘက်အတွင်းဝနိ ဒေါက်တာလှိုင်မြင့်ဟန် ဆီ ဆက်သွယ်ရမှာဖြစ်တယ်လို့ ဖော်ပြထားပြီး Signal Number +66 628255438 ၊ ဝန်ကြီးဌာနအီးမေးလ် – [email protected] ကို ဆက်သွယ်ရ မှာ ဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.