မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေကို စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ ပစ်ခတ် သတ်ဖြတ်နေတဲ့ စစ်တပ်ပိုင်းလော့ အရာရှိ ၅၀ ရဲ့ အမည်စာရင်းကို Operation Spitfire အဖွဲ့ထုတ်ပြန်
ဒီဇင်ဘာ ၂၄၊ ၂၀၂၁
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှာ ပြည်သူတွေကို စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လျက်ရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အထက်အရာရှိတွေရဲ့ အမိန့်ကို နာခံပြီး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ မောင်းနှင်ကာ ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ လေယာဉ်မောင်း စစ်အရာရှိ ၅၀ ဦးရဲ့ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်နဲ့ ရာထူးတွေကို Operation Spitfire ကထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းက စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ လေယာဉ် မောင်း စစ်အရာရှိ ပိုင်းလော့တွေရဲ့ စာရင်းတွေကို အပတ်စဉ် ဖော်ပြသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews