မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဖို့အတွက် အရှေ့တောင် အာရှလွှတ်တော်အမတ်များအဖွဲ့(APHR) က တိုက်တွန်း
ဇူလိုင် ၁၉ ၊ ၂၀၂၂
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ တိုက်တွန်းထားလို အာဆီယံအလှည့်ကျ ဥက္ကဌအနေနဲ့လည်း ဆက်သွယ်ပြောဆိုသင့်တယ်ဆိုပြီးတော့ အရှေ့တောင်အာ ရှ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ဇူလိုင် ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ပတ်ဆိုခွန် က မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ တွေ့ဆုံသင့်တယ်ဆိုပြီး APHR က ကြေညာချက်ထဲမှာ ထောက်ပြပြောဆိုလိုက်တာပါ။
ဒါအပြင် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်အနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ပြောဆိုသင့်တွေ လုပ်ဆောင်သင့်တယ်လို့ APHR က ဆိုထားပါတယ်။
ဒီလို တွေ့ဆုံမှုတွေပြုလုပ်ရာမှာ မြန်မာနိုင်ငံရဲ့ ပြင်ပမှာပဲဖြစ်ဖြစ် ၊ အွန်းလိုင်းကနေပဲဖြစ်ဖြစ် ပြုလုပ်နိုင်တယ်ဆိုပြီးတော့ လည်း ပြောထားပါတယ်။
အာဆီယံနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အာဆီယံအထူးကိုယ် စားလှယ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ တွေ့ဆုံတာထက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံတာက ပိုမို နည်းလမ်းကျတယ်ဆိုတာရယ်၊ မြန်မာနိုင်ငံသားအများစုကလည်း အမျိုးသားညီညွတ်ရေးအစိုးရကိုသာ တရားဝင်အ စိုးအရဖြစ်နဲ့ လက်ခံထားကြတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝန်းနဲ့ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက သိရှိဖို့လိုတယ်လို့ ဆိုထားပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖိအားပေးရမယ်လို့ ဆိုပါတယ်။
ဒါအပြင် နိုင်ငံတကာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အကောင်အ ထည်ဖော်ဆောင်တာကို အမှန်တကယ်မြင်တွေ့လို တယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီရမယ်ဆိုပြီးတော့လည်း အရှေ့တောင်အာ ရှ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပြောကြားထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။