-မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က မေလ ၇ ရက် သောကြာနေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ မြန်မာလူထုရဲ့ ဆန္ဒမပါပဲ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းအကြမ်းဖက် လူသတ်စစ်တပ်ဟာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတဲက ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့နည်းနဲ့ အကြောက်တရားသွင်း အုပ်ချုပ်နေတယ်လို ကြေညာချက်မှာ သုံးသပ်ထားပါတယ်။
-ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်အတွင်း KIA နဲ့ အကြမ်းဖက်စစ်အုပ်စုတို့လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်အုပ်စုဘက်ကနေ ကမ္ဘာက တားမြစ်ထားတဲ့ ဓါတုဗုံးတွေ လေယာဉ်တွေပေါ်ကနေ ကြဲချတိုက်ခိုက်နေတယ်လို့ သတင်းတွေ ပြန့်နှံ့နေခဲ့ပေမယ့် KIA ဘက်က ဒါကို အတည်ပြုနိုင်ရေး မြေပြင်မှာစစ်ဆေးနေတယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားခဲ့ပါတယ်။
#SpringRevolution
#PVTV
Like – 4.3K Share – 376