မြန်မာဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အမေရိကန်နဲ့ ဂျပန် တွေ့ဆုံဆွေး…

မြန်မာဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အမေရိကန်နဲ့ ဂျပန် တွေ့ဆုံဆွေးနွေး
၂၀ နိုဝင်ဘာလ ၂၀၂၁

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာပြန်လည်ရောက်ရှိရေးအတွက် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ဆွေးနွေးခဲ့တယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mori Takeo ကို ဝါရှင်တန်မြို့တော်မှာ နိုဝင်ဘာ ၁၈ ရက်က လက်ခံတွေ့ဆုံခဲ့ရာမှာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေကို ဆွေးနွေးခဲ့တယ်လို့ ကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ထုတ်ပြန်ပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုအားလုံးကို မယိမ်းမယိုင် ကူညီထောက်ပံ့မယ်လို့ Wendy Sherman ကအလေးထားပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး အကြမ်းဖက်စစ်တပ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီအချို့၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ Sasakawa ကို အကြမ်းဖက်စစ်ကောင်စီက ဂျပန်အစိုးရအထူးကိုယ်စားလှယ်အဖြစ်လာရောက်သလို
ပုံဖော်သတင်းထုတ်ပြန်ခဲ့ပေမယ့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ Sasakawa ဟာ ဂျပန်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ဘူးလို့ တုံ့ပြန်ရှင်းလင်းထားပါတယ်။ ဂျပန်သတင်းဌာနဖြစ်တဲ့ နီကီ​အေးရှားကလည်း ဆာဆာကာဝါဟာ သူရဲ့ ပုဂ္ဂိုလ်​ရေးခရီးစဉ်လာခဲ့တာဖြစ်တယ်လို့​ဖော်ပြခဲ့ပါတယ် ။

Credit – People’s Spring
https://www.facebook.com/LuduNwayOo/

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.