မြင်းမူအဝင် တိုးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ဖောက်ခွဲဖျက်ဆီး
ဖေဖော်ဝါရီ ၂ ၊ ၂၀၂၂
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့အဝင်တိုးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး အုန်းသီး ၆ လုံးနဲ့ ဖောက်ခွဲဖျက်ဆီးလိုက် တယ်လို့ ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ (အုန်းသီးဆိုတာ လက်လုပ်ဗုံးကို လေးခွနဲ့ ထည့်ပစ်တာကို ဒေသခံတွေသုံးတဲ့ အသုံးအနှုန်းတစ်မျိုးပါ)
မြင်းမူမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းပစ်ကူသုံးပြီး ဝင်ရောက်တပ်ဆွဲခဲ့တဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တာဆိုပြီးတော့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင် မနေ့ကလုပ်ခဲ့တဲ့ အာဏာသိမ်းခံရတဲ့ နှစ်ပတ် လည်နေ့မှာ အသံတိတ်သပိတ်လုပ်ခဲ့တဲ့ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဖောက်ခွဲမှု လုပ်ခဲ့တာလို့ ဆိုထားပါတယ်။
အခုစစ်ဆင်ရေးကို People’s Defence Force Myinmu (MMUPDF) က ဦးဆောင်ပြီးတော့ Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သု့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM တို့က လုပ်ဆောင်ခဲ့တာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။