မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေတဲ့ဂိုဏ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးပြီး ကာကွယ်ရေးဝန်ကြီးဌာနကို သတင်းမှတ်တမ်းပေးပို့
ဇန်နဝါရီ ၁၈၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွေလုပ်နေတဲ့ ဂိုဏ်း အဖွဲ့ကို ခင်ဦးမြို့နယ် ပကဖနဲ့ ခရိုင်တပ်ရင်း ၃ ခင်ဦး PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ ဇန်နဝါရီ ၁၆ ရက် ည ၆ နာရီခန့်မှာ ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီးတော့ သတင်းမှတ်တမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို သတင်းမှတ်တမ်းအနေနဲ့ပေးပို့ထားတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာက လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ သန့်ဇင်ဝင်း (အသက် ၄၀ နှစ်)နဲ့ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးပြီး သူတို့နဲ့အတူ မူးယစ်ဆေးသုံးစွဲနေတဲ့ သူတွေကိုပါ ကြိမ်ဒဏ်အဖြစ် ရိုက်နှက် သတိပေးခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေဆီကနေ WY မူးယစ်ဆေးအပြား (၈၀၀) နဲ့ ပစ်စတို တစ်လက် 9မမ ကျည်(၇)တောင့် ငွေသား (၇၄၇၀၀)ကျပ် တွေကို သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးပြားတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေသားတွေနဲ့ သေနတ် ကျည်တောင့် တွေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့လည်း သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။