မူတြော်ခရိုင် ၂ နေရာမှာ ဗုံးကြဲတဲ့အတွက် ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ယောက် သေဆုံး ၆ ယောက် ဒဏ်ရာရရှိ
ဖေဖော်ဝါရီ ၆၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ် (၂) စီးဖြင့် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထေါကျေးရွာအုပ်စုရှိ တဦးခိုကျေးရွာ အတွင်း ဗုံး (၂) လုံးလာကြဲခဲ့သည့်အတွက် ရွာသား (၂) ဦးသေဆုံးကာ (၆)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖေါ်ဝါရီလ (၅) ရက်နေ့ မနက် ၁ နာရီ အချိန်မှာ ဒီနေ့ နံနက်ပိုင်း မြေပြင်သတင်းအရ သိရပါတယ်။
သေဆုံးသူ (၂)ယောက်မှာ စော စိုးနိုင် အသက် (၅၆)နှစ်နဲ့ သူရဲ့ ဇနီးဖြစ်သူ နေါ်သူးခို အသက် (၅၈)နှစ်တို့ဖြစ်ပါတယ်။
ဒဏ်ရာ ရရှိသူ (၆) ယောက်မှာ စောအောင်သိန်းဦး အသက် (၃၂) နှစ်၊ နေါ်ကော်လာမူ အသက် (၃၁) နှစ်၊ အာဇာနည် အသက် (၇) နှစ်၊ စောတရီဖေါထူး အသက် (၁၆) နှစ်၊ စောထွန်းဝင်း အသက် (၃၈) နှစ်နဲ့ နော်ဒေးမူ အသက် (၂၃) တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ နေအိမ် (၄) လုံးက ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ဒါနဲ့ တဆက်ထဲမှာ လူသောမြို့ နယ်၊ ကလော်ဝါ့ကျေးရွာအုပ်စု ရှိ ပေါကိုဒေသတွင် ဗုံး (၃) လုံးလာကြဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာတွေမှာ လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တဲ့အပေါ် “အကြမ်းဖက်စစ်ကောင်စီတပ်မှ ၎င်းတို့၏ ရှေ့တန်းတပ်စခန်းများ သို့ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းကိရိယာများ လာရောက်ပို့ဆောင်ရန်အခက်အခဲရှိခြင်း၊ စစ်ရေးလှုပ်ရှားမှု အခက်အခဲဖြစ်ခြင်းဖာပွန်အထိခြေလျင်ဖြင့်လာရောက်ရန်ခက်ခဲရှိခြင်းနှင့် ရှေ့တန်းစစ်မြေပြင်မှ ၎င်းတို့ တပ်သားများအားတက်စေရန်အတွက်” လေယာဉ်နဲ့ ဗုံးလာကြဲတယ်လို့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) တပ်မဟာ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ဆိုပါတယ်။
ဒါ့အပြင် အခုလို မိမိတို့တည်နေရာ ရွာအတွင်းအကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့လာ ရောက်ဗုံးကြဲတာကြောင့် ဒေသခံရွာသားတွေ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
တိုင်းရင်းသားတွေနဲ့ မြို့ နေပြည်သူထုက သူတို့အခွင့်အရေးရရှိရေးအတွက် တောင်းဆိုမှုများပြားလာတဲ့ အတွက် မြန်မာပြည်အနှံ့အပြားမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU မူတြော်ခရီးမှာ ဖော်ြပထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။