မုံရွာ-အမြင့်လမ်းပိုင်းကို ဒီနေ့မနက်မှာ ခေတ္တပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေး ထား
ဇူလိုင် ၁၁ ၊ ၂၀၂၂
မုံရွာ-အမြင့်လမ်းပိုင်းကို ဒီနေ့မနက်ကစလို့ ခေတ္တပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုကြ ဖို့အတွက် မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်အချိန်ကစတင်ပြီးတော့ မုံရွာ-အမြင့်လမ်းပိုင်းကို အရေးကြီးတဲ့ ကိစ္စကလွဲပြီးတော့ ဖြတ်သန်း သွားလာခြင်းမျိုးတွေ မပြုလုပ်ကြဖို့အတွက်နဲ့ ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေအနေနဲ့လည်း မှန်ချမောင်းနှင်ကြဖို့ ဖော်ပြထားပါတယ်။
သတ်မှတ်ပေးထားတဲ့ စည်းကမ်းတွေအတိုင်း မလိုက်နာဘူးဆိုရင် ဖြစ်လာသမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
အဆိုပါလမ်းက အကြမ်းဖက်စစ်ကောင်စီ ယာဉ်တမ်းတွေ ဖြတ်သန်းသွားလာရာမှာ အသုံးပြုတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး တော့ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တမ်းဖြတ်သန်းသွားမဲ့ နေ့တွေမှာ လမ်းကိုပိတ်ပြီး မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်နေကြ တာဖြစ်တဲ့အတွက် ပြည်သူတွေကို မထိခိုက်စေဖို့ ကြိုတင်သတိပေးထားတာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။