မီးရှို့သတ်သေပြီး ဆန္ဒပြခဲ့တဲ့ ကိုအောင်မြင့်မြတ်အပါအဝင် ကျဆုံးခဲ့ရသော ပြည်သူအားလုံးအတွက် စစ်အာဏာရှင်စနစ်အပြီးတိုင်ဖယ်ရှားရေး အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောကြား

မီးရှို့သတ်သေပြီး ဆန္ဒပြခဲ့တဲ့ ကိုအောင်မြင့်မြတ်အပါအဝင် ကျဆုံးခဲ့ရသော ပြည်သူအားလုံးအတွက် စစ်အာဏာရှင်စနစ်အပြီးတိုင်ဖယ်ရှားရေး အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောကြား
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၂

ကျောက်ပန်းတောင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်က မီးရှို့သတ်သေပြီး ဆန္ဒပြခဲ့တဲ့ ကိုအောင်မြင့်မြတ်အပါအဝင် မြန်နိုင်ငံတဝန်းကျဆုံးခဲ့ရတဲ့ ပြည်သူအား လုံးအတွက် စစ်အာဏာရှင်စနစ်အပြီးတိုင်ဖယ်ရှားရေးအစွမ်းကုန်လုပ် ဆောင် သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အာဏာလုယူပြီး ပြည်သူတွေကို အကြမ်းဖက်ခဲ့တဲ့အတွက် တစ်နှစ်တာကာလ အတွင်းပြည်သူ (၁၅၁၀) ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သောကလေးသူငယ် (၁၆) ဦးအပါအဝင် အရပ်သား ပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။

မြို့ရွာတွေကို မီးရှို့ခံရမှုမှာ (၂၄၉)ကြိမ်ရှိခဲ့ပြီး ပြည်သူလူထုရဲ့ အိမ်ခြေပေါင်း(၁၂၀၀)ခန့်နဲ့ ပိုင်ဆိုင်မှုများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီကိန်းဂဏန်းတွေက အခုချိန်ထိ ရပ်တန့်မှုမရှိဘဲ အကြမ်း ဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကို သတ်ဖြတ်မှု၊ မြို့ရွာအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေကို နေ့စဉ်ရက် ဆက် ကျူးလွန်နေတယ်ကို တွေ့ရပါတယ်။

ပြည်သူလူထုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လွန်စွာကြေကွဲဝမ်းနည်းရပြီး ယင်းကဲ့သို့ ရင်းနှီးပေးဆပ်ရမှုတွေအားလုံးကို အချည်းအနှီးမဖြစ်စေရဘဲ ပြည်သူ လူထုတစ်ရပ်လုံးရဲ့ လူမှုဘဝတွေအားလုံးကို ချွတ်ခြုံကျပျက်စီးစေတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လုံခြုံငြိမ်းချမ်း မှုကို ထိပါးနှောက်ယှက်နေတဲ့ စစ်အာဏာရှင် စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ဖယ်ရှားပြီး နောင်အနာဂတ် မှာလည်း ဘယ်သောအခါမှ ပြန်လည်ခေါင်းမထောင်လာစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှဖြစ်တယ် လို့လည်း လေးနက်စွာ ကတိပြုထားတာတွေ့ရပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကလည်း မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို နှောက်ယှက်ဖျက်ဆီးနေတဲ့ အကြမ် းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်သွားနိုင်ရေး ထိ ရောက်တဲ့ လုပ်ဆောင်မှုတွေအမြန်ဆုံးဖော်ဆောင်နိုင်ဖို့အတွက်လည်း တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.