မိုးဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ပိတ်မိနေတဲ့အတွက် လက်နက် ကြီးတွေနဲ့ အလွန်အကျွံပစ်ခတ်မှု တွေပြုလုပ်နေတယ်လို့ လွိုင်ကော်PDF သတင်းထုတ်ပြန်

မိုးဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ပိတ်မိနေတဲ့အတွက် လက်နက် ကြီးတွေနဲ့ အလွန်အကျွံပစ်ခတ်မှု တွေပြုလုပ်နေတယ်လို့ လွိုင်ကော်PDF သတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၂

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်အစပ်ဖြစ်တဲ့ မိုဗြဲဒေသတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ အကြမ်းဖက်စစ် တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ခံထားရတဲ့အတွက် လက်နက်ကြီးတွေနဲ့ အလွန်အကျွံပစ်ခတ်မှု တွေလုပ်နေသလို တိုက်လေယာဉ်တွေကလည်း စစ်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို သွားရောက်ဗုံးကြဲတာတွေလုပ် နေတယ်လို့ လွိုင်ကော် PDF က ဒီမနက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်တပ်တွေက ဘယ်လိုမှ လှုပ်ရှားလို့မရဘဲ ပြည်သူ့တပ် တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြေမှုန်းမှုကို နေ့စဉ် ရက်ဆက် ခံနေရတဲ့အတွက် ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများနေ တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်လည်း လက်နက်ကြီး လေယာဉ်ပစ်ကူတွေ အလွန်အကျွံပစ်ခတ်ပြီး အကြမ်းဖက်စစ်တပ်က ခြေလျင်တပ်တွေကို အသုံးဝင်နိုင်ရေး ရှေ့တိုးနိုင်ရေး အသဲအသန် ကြိုးပမ်းနေကြတယ်လို့ ဆိုထားသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း အကြမ်းဖက်စစ်တပ်နဲ့ လက်နက်အင်အား အဆမတန် ကွာခြားပေမယ့် လည်း အကြမ်းဖက်စစ်တပ်ကို ယနေ့အခြေနေထိ အစွမ်းကုန် တားဆီးပိတ်ပင်နေဆဲလို့ ဖော်ပြထားပါတယ်။

မနေ့က (ဖေဖော်ဝါရီ ၂၃ ရက်)လည်း အကြမ်းဖက်စစ်တပ်က ဝီတဲကူးကျေးရွာတစ်ဝိုက်မှာ မနက်ကစတင်ပြီး ညချိန်ထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး / သံချပ်ကာ ကား / ဒုန်းပစ်ကား / လေယာဉ်ဗုံးကြဲတာတွေကို ယခင်ကနဲ့မတူ အလွန်အကျွံ တစ်နေကုန် ပစ်ခတ်အသုံးပြုတိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ယမန်နေ့ညအချိန်က ဒေါကမီးရွာတွင်းက လူနေအိမ်တွေအပေါ်ကို အကြောင်းမဲ့ အဆင်ခြင်မဲ့စွာ လေယာဉ် ဗုံးကြဲခဲ့တာကြောင့် တိုက်ပွဲနေရာနဲ့ အလှမ်းဝေးပြီး ဆိုင်ဖွင့်ကာ အရောင်းဝယ် လုပ်နေသော ရွာတွင်းကို ဗုံးကြဲချခြင်းဖြစ်ပြီး အပစ်မဲ့အရပ်သား (၂) ဦး ပွဲခြင်းပြီးအသက်ဆုံးရှုံးရကာ အခြား အရပ်သားတွေလည်း ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၅ လုံးခန့်လည်း ပြင်းထန်စွာပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ပိုမိုပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဘယ်လိုနည်း နဲ့မှ အလျော့ပေးမှာမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်ကို အစွန်းကုန်တိုက်ထုတ်သွားမှာဖြစ်တဲ့အတွက် နိုင်ငံနဲ့တစ် ဝှမ်းက ပြည်သူတွေအနေနဲ့ ငွေအား၊ လူအား၊ စိတ်ခွန်အား နည်းမျိုးစုံနဲ့ ဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့အတွက်လည်း တောင်းဆိုထားတာတွေ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ကို ရွတ်ရွတ်ချွံချွံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေကတော့ လွိုင်ကော် PDF အပါအဝင် KA / KNDF / ဒီးမော့ဆို PDF / ဖယ်ခုံ PDF / မိုးဗြဲ PDF / အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ / JPDF / KGZ / KPDF အဖွဲ့တွေဖြစ်ပြီး ဒီမနက်မှာလည်း ၉ ရက်မြောက်နေ့အဖြစ် တိုက်ပွဲ တွေပြင်းထန်နေပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.