မိုးတွင်းမှာ အခက်အခဲပေါင်းစုံကြုံနေရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ‘ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ’ အမည် ပေးထားတဲ့ ကံစမ်းမဲရောင်းပြီး အလှူငွေရှာတဲ့အစီအစဉ်ပြုလုပ်

မိုးတွင်းမှာ အခက်အခဲပေါင်းစုံကြုံနေရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ‘ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ’ အမည် ပေးထားတဲ့ ကံစမ်းမဲရောင်းပြီး အလှူငွေရှာတဲ့အစီအစဉ်ပြုလုပ်
ဇူလိုင် ၈ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က Revolution Tokyo Myanmar (R.T.M) အဖွဲ့တို့ ပူးပေါင်းပြီး မိုးတွင်းမှာ အခက်အခဲပေါင်းစုံကြုံနေရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် ‘ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ’ အမည်ပေးထားတဲ့ ကံစမ်းမဲရောင်းပြီး အလှူငွေရှာတဲ့ အစီအစဉ် ကို ပြုလုပ်နေပါပြီ။

ဒီအစီအစဉ်မှာ မိုးတွင်းမှာအခက်အခဲပေါင်းစုံကြုံတွေ့နေရတဲ့ စစ်ဘေးရှောင် အမျိုးသမီးများအတွက် စားနပ်ရိက္ခာနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ လိုအပ်တဲ့ဆေးဝါးတွေထောက်ပံ့တာနဲ့ ပြည်တွင်းအနှံ့မှာ အခက်အ ခဲတွေကြားကနေ ကျရာတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးပြုလုပ်တာလို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို အား လုံး နားလည်သိရှိထားမယ်ဆိုတာကိုလည်း ဖော်ပြထားသလို အမျိုးသမီးအချင်းချင်း ဖေးမကူညီလိုတဲ့ အမျိုးသမီးထုကြီး နဲ့ အမျိုးသမီးတွေကို တန်ဖိုးထားလေးစားတဲ့ အမျိုးသားတွေအားလုံး ဒီပရောဂျက်မှာ ပါဝင်ကြဖို့ မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။

ကံစမ်းမဲအစီအစဉ်မှာ တန်ဖိုးကြီး ကံစမ်းမဲ ပစ္စည်းပေါင်း ၇ မျိုးနဲ့ CDM ဝန်ထမ်တွေပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အထူးဆု ၆ မျိုးကို ထည့်သွင်းပေးမှာဖြစ်ပြီး ကျပ်သိန်း ၅၀၀ ရအောင် ရှာဖွေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်မှတ်အရောင်းကာလကို ဇူလိုင် ၁ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ပြုလုပ်မယ်လို့ ဖော်ပြထားသလို ဝယ်ယူနိုင်တဲ့ နိုင် ငံတွေနဲ့ စျေးနှုန်းတွေ ဂျပန်နိုင်ငံမှာ ယမ်း ၂၀၀၀ ၊ စင်ကာပူဒေါ်လာ ၂၀ ၊ ကိုရီးယားဝမ် ၂၀၀၀၀ ၊ ထိုင်းဘတ် ၄၅၀ ၊ အမေရိ ကန်ဒေါ်လာ ၁၅ ၊ ဩစတြေးလျဒေါ်လာ ၂၁ ၊ ယူရို ၂၁ လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ လက်မှတ်တွေကို လက်မှတ် ဖိုးငွေပေးချေပြီး ၂ ရက် ဒါမှမဟုတ် ၃ ရက်အတွင်းမှာ ထုတ်ပေးသွားမှာပါ။

စစ်ရှောင်အမျိုးသမီးတွေကို ကူညီချင်တယ်ဆိုရင် https://www.facebook.com/RevolutionTokyoMyanmar/ ရဲ့ မက်ဆင်ဂျာမှာ လာရောက်စုံစမ်းဝယ်ယူနိုင်ပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Add your reaction

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.