မိုဆိုကျေးရွာအနီးမှာ အစုအလိုက်အပြုံလိုက်အသတ်ခံရတဲ့ဖြစ်စဉ်ထဲ ပါဝင်ခဲ့တဲ့ သစ်တော CDM မိသားစုတွေကို ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က အားပေးစကားပြောကြား
ဇန်နဝါရီ ၁၂ ၊ ၂၀၂၂
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ထဲမှာ သစ်တော CDM တစ်ဦးနဲ့ သစ်တော CDM ရဲ့ မိသားစုဝင်တစ်ဦးပါဝင်ခဲ့တဲ့အတွက် ယင်းတို့ရဲ့ မိသားစုဝင်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က အားပေးစကားပြောကြားခဲ့ပါတယ်။
မိုဆိုကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၄ ရက်က အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့သူတွေထဲမှာ သစ်တောဦးစီး ဌာနရဲ့ CDM ဝန်ထမ်းအငယ်တန်းစာရေး ဒေါ်ဂျူးလိယက်ရဲ့ အမျိုးသားဖြစ်သူ ဦးသျှားရယ်ပါဝင်ခဲံသလို CDM ဝန်ထမ်းတောကြပ် ဦးလိရယ်လည်း သတ်ဖြတ်ခံရသူတွေထဲ ပါဝင်ခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သေဆုံးခဲ့ရတဲ့ သစ်တောဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ ရဲ့ ဘေးကင်းလုံခြုံရေး ဦးစားပေးရန်နဲ့ လိုအပ်တဲ့ အကူအညီရရှိဖို့အတွက် ကြိုးစားချိတ်ဆက်ဆောင်ရွက်ပေးဖို့ တွေ့ဆုံနိုင်ရေး စီ စဉ်ခဲ့ပေမယ့်လည် လက်ရှိဖြစ်နေတဲ့ ကရင်နီပြည် တိုက်ပွဲအခြေအနေတွေကြောင့် ကျန်ရစ်သူမိသားစုတွေက တက်ရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ့အတွက်ကြောင့် မိသားစုဝင်တွေအတွက် အားပေးတဲ့ အမှာစကားများကို တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ ကယားပြည်နယ် CDM တစ်ဦးကနေတဆင့် ပြောကြားတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်သိမ်း ရေးဝန်ကြီးဌာနက သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။