မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့ တွေ့ဆုံဆွေးနွေး
ဇူလိုင် ၃ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြား ကာလချင်းအမျိုးသားအတိုင်ပင် ခံကောင်စီ(ICNCC) တို့အကြား တွေ့ဆုံမှုကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုး သားအတိုင်ပင် ခံကောင်စီ(ICNCC) တို့အကြား ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး၊ အာဏာရှင်စနစ် အဆုံးသတ်နိင်ရေး စစ်ရေး၊ လုံခြုံရေး၊ ကာ ကွယ်ရေး၊ လူမှုရေးနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေ အပါအဝင် လူမှုရေး၊ အသွင်ကူးပြောင်းရေး ကိစ္စတွေအတွက် မဟာဗျူဟာကျကျ ပူးပေါင်းဆော င်ရွက်နိုင်ရေး ရည်ရွယ်ပြီး မဟာမိတ်ဆက်ဆံရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေတာပါ။
မဟာမိတ်ဆက်ဆံရေး ကော်မတီက လက်ရှိအချိန်အထိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အလွတ်သဘော မိတ်ဆက် တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဆောက်ရွက်လျက်ရှိပြီး ဆက်လက် တွေ့ဆုံရန်လည်း စီစဉ်လျာထားဆောင်ရွက်သွားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။