မသေဆုံးသောဝိဉာဉ်…


မသေဆုံးသောဝိဉာဉ်
===========

🔺ကျွန်မ လဲကျသွားတဲ့ နေရာလေးနားမှာ
အခု ဆို လက်ဖက်ရည်ဆိုင်လေးလဲ ပြန်ဖွင့်ပြီ
🔺လွန်ခဲ့ တဲ့ တစ်လလောက်က
ကျွန်မတို့ လူငယ်တွေကို
ရေ နဲ့ စားစရာတွေ လာလှု နေကျ
အန်တီကြီးလဲ
အခုဆို ကျွေးစရာ လူငယ်တွေ မရှိတော့
ခိုလေးတွေ အစာကျွေးနေလေရဲ့ ….
🔺ပြီးခဲ့ တဲ့ ၁၀ ရက်လောက်ထဲက
မြို့ထဲလမ်းတွေအပြီးရှင်းကြတော့
အခုဆို ကျွန်မ လဲကျခဲ့တဲ့
နေရာလေးမှာ ဘယ်သူမှ အမှတ်တရ
ပန်းလေးတွေ လာမချကြတော့ဘူးလေ
နေပါစေ ရပါတယ် ပန်းတွေက အရေးမှမကြီးတာ
🔺နေ့နေ့ ညည ဆိုင်းဘုတ်အဝါလေး
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးထိုင်နေတဲ့
ကျွန်မ အပေါ် အရှိန်နဲ့ဖြတ်မောင်းသွားတဲ့
ကားတွေသာ ရှောင်ရခက်လို့ ငိုချင်နေတာ ….
🔺လွန်ခဲ့တဲ့ သုံးရက်လောက်က
ညကြီး မိုးတွေအရမ်းရွာလျှပ်စီးတွေ လက်တော့
ကျွန်မလဲကျ သွားတဲ့နေရာလေးမှာ
တစ်ယောက်ထဲ ကြောက်နေရင်းနဲ့
မိုးရေတွေ ကျွန်မ ကို ဘာလို့မစိုသလဲ ဆို
အံ့သြရသေး
🔺အိပ် ငိုက် နေရာက နိုးလာတော့
နံနက်ခင်း လေပြေ ထဲ ပိတောက် ရနံ့တွေ
သင်းလို့
ပိတောက်ပွင့် ကြွေလေးတွေလဲ
ကျွန်မဘေးနားမှာ အများကြီးပဲ
အို ပျော်လိုက်ရတာ ….
🔺ဒီနေ့ မနက် စည်ပင်က အဒေါ်ကြီးနှစ်ယောက်
ကျွန်မထိုင်နေတဲ့
နေရာလေးပေါ် တံမျက်စည်းလှဲရင်း
◾◾” ဒီနေရာ ကောင်မလေးတစ်ယောက်
သေထားတယ် ” တဲ့◾◾
🔺No .. no ကျွန်မ အခုမှ ၁၉ နှစ် နော်
မသေသေးဘူး
ကျွန်မမှာ အရမ်းချစ်ရတဲ့ အဖေ နဲ့
အရမ်းနားလည်ပေးနိုင်တဲ့ ချစ်သူ
ချစ်ရတဲ့အပေါင်းသင်းတွေ
ပျော်ရွှင်ရင်ခုန်စရာ အနာဂါတ်တွေ
ကျွန်မ အများကြီး ဆက်သွားရမှာ သိလား …
🔺သြော် … အခု ဒီနေရာလေးမှာ
နေ့နေ့ ညည မထတမ်း ဆိုင်းဘုတ်လေးကိုင်
ထိုင်နေတာက ကျွန်မ ယုံကြည်ရာ ကို
မနိုင်မခြင်း
🔺ဘယ်သူပါပါ မပါပါ အဆုံးထိ တိုက်မယ်
သန္နိဌာန် ချထားလို့ပါ
ကျွန်မ မသေ သေးဘူးနော်
ကျွန်မ ကို သေတယ်လို့ မပြောကြပါနဲ့
ဝမ်း နည်း အား ငယ် လွယ် လို့ ပါ ရှင်

♦️အသက်ပေးလိုက်ရသော သူများကို သတိရပါ ♦️
❣️နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားကြလေပြီးသော အာဇာနည်အပေါင်းအား ဦးညွတ်ဂါရဝပြုအပ်ပါသည်❣️
#SpringRevolution
#PVTV

Like – 6K Share – 453

Public Voice Television Facebook

Add your reaction

  1. သေဆုံးပြီးသွားတဲ့သူကိုတော့ မကျွတ်မလွတ်တဲ့ ပုံစံမျိုးနဲ့ ခံစားပြီးမရေးပါနဲ့လားဗျာ၊ (သူ့မိဘ ဆွေမျိုးသားချင်းတွေကို လေးစားသောအားဖြင့်ပေါ့)

  2. သွေးအေးလာတိုင်း ကိုယ့်ကိုကိုယ်ဘယ်တော့မှခွင့်မလွှတ်ဘူး😭😭😭😭

  3. အမြဲတမ်းအမှတ်ရနေပါ့မယ်။သမီးချောလေးရေ။စစ်မှန်‌ေသာပြည်သူတွေရဲ့ရင်ထဲမှာသမီးလေးအမြဲရှင်သန်တသက်လုံးမသေပါဘူးကွယ်။🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

  4. တရားသော စစ်ပွဲမှာ သေဆုံး ခဲ့သူများ အားလုံး သို့
    မိတ်ဆွေ /သူငယ်ချင်း /မောင်ငယ်ညီမငယ် အားလုံး ဟာ ကျွန်မတို့ ရင်ထဲမှာ ဘယ်သောအခါ မှ သေးဆုံး သွားတာ မဟုတ်ခဲ့ပါဘူး ကွယ် နေ့စဉ် နှင့်အမျှ ကွယ်လွန်သူ များ ပုံလေး တွေကို တွေ့မိတိုင်း ကျွန်မ သေချာ ကြည့်မိပါတယ် ဘယ်သောအခါ မှ မျက်စိ ထဲက ပြောက်ကွယ်မသွား ခဲ့ပါဘူး
    မောင်ငယ် ညီမငယ်လေးတို့
    မင်းတို့ က သေဆုံး သွားခဲ့တာ မဟုတ်ဘူးနော တရားသောစစ် ကို တောင်းဆိုနေကြပါ လွှတ်လပ်ခွင့်ကို တောင်းဆိုနေကြ မို့လား အမှန်တရားနဲ့ လွှတ်လပ် ကို
    အမှန်တကယ် ရမှသာ မင်းတို့ တော်လှန်ရေး ပြီးဆုံး မှာမို့ ရသည့်အထိ မင်းတို့နဲ့အတူ တိုက်ပွဲ ဝင်နေကြတယ်နောလို့ ကျွန်မ
    သူတို့ လေးတွေ မျက်နှာကိုသေချာ ကြည့်ပြီး အမြဲ ပြောနေမိတယ်
    ဘဝ မှာ လောဘ ဒေါသ မောဟ ဆိုတဲ့ အရာတွေ မရှိကြတဲ့ အရွယ် လေ
    ဖြူစင် သန့်စင်တဲ့ ဘဝ ပိုင်ရှင်တွေ ဆိုတာ ကျွန်မတို့ အားလုံး သူတို့လေးတွေ အကြောင်း သိနေကြတာ မို့ သူတို့လေးတွေ အားလုံး
    ကောင်းကင် ထက်မှာ ကြယ်တွေ အဖြစ်နဲ့ နေကြမယ်ဆိုတာ ကျွန်မ ယုံကြည် တယ်
    ကျွန်မတို့ အားလုံးက လွှတ်လပ်ခွင့်နဲ့
    ငြိမ်းချမ်း ခြင်းကို နွေဦး တော်လှန်ရေးမှာ တမန်လွန် အတွက် လက်ဆောင်ပြန်ပို့ ကြရအောင်နော

  5. ဒို့ ပြည်သူ တွေအားလုံးရဲ့ရင်ထဲမှာကြယ်စင်နဲ့တကွအရေးတော်ပုံတိုက်ပွဲအတွင်းမှာအသက်ပေးသွားခဲ့ကြသောသူရဲကောင်းတွေအမြဲရှိတယ်

  6. နွေဉီးအာဇာနည်တွေက ရုပ်တရားတွေကျဆုံးသွားပေမဲ့ နာမ်တရားတွေကိန်းပြီ အရေးတော်ပုံအောင်တဲ့အထိ ပါဝင်ဆင်နွဲချင်ရင် ဆင်နွဲခွင့်ရအောင် စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းပြီးမှ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုအစိုးရဖွဲ့ပြီးမှ
    ကျဆုံးအာဇာနည်တွေကို အမျှအတန်းဝေပြီ RIP
    လို့ဆုတောင်းပေးပါတော့မယ်😢
    ခုအချိန်တော် Rest in Power.. . Fighting ပါ အရေးတော်ပုံအောင်ရမည်👊

  7. လက်နက်အားကိုးစခများ၏လက်ချက်ဖြင့်ကြွေလွင့်သွားရသောနွေဦးတော်လှန်ရေးမောင်မယ်များအားလုံးကိုအမြဲတမ်းလေးစားဂုဏ်ယူသတိရအောက်မေ့လျှက်ပါ
    ကောင်းမွန်ရာဘုံဘဝမှာအေးချမ်းစွာအနားယူကြပါ

  8. အနာဂါတ်လူငယ်တွေ အသက်ပေးခဲ့ရတဲ့နွေဦးတော်လှန်ရေးသူရဲကောင်းအာဇာနည်အပေါင်းအားဦးညွှတ်အလေးပြုပါတယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.