မလေးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ မလေးရောက်မြန်မာလုပ်သားတွေဆန္ဒပြ၊ ဆန္ဒပြသူ အယောက် ၃၀ ကျော်ကို မလေးရဲ့ ဖမ်းဆီး
ဖေဖော်ဝါရီ ၃ ၊ ၂၀၂၂
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတာတစ်နှစ် ပြည့်တဲ့အနေနဲ့ မလေးရောက်မြန်မာအလုပ်သမားတွေ့ ဒီနေ့မနက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲအပြီးမှာပဲ မလေးရှားရဲ့ မြန်မာ အလုပ်သမား ၃၀ ကျော်ကို ဖမ်းဆီသွားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ မလေးရှား) က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့မနက်မှာလုပ်ခဲ့တဲ့ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (မလေးရှား လွတ်မြောက်နယ် မြေ)နဲ့ တိုင်းရင်းသား အသင်းအဖွဲ့တွေ၊ မလေးရှားရောက် မြန်မာလုပ်သားတွေ စုပေါင်းပြီးပြုလုပ်ခဲ့ကြတာပါ။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းခံရခြင်း တစ်နှစ်ပြည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ် ဆန္ဒထုတ်ဖော်ပွဲကို အေး ချမ်းစွာလုပ်ခဲ့ပေမယ့်လည်း မလေးရဲတပ်ဖွဲ့က ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကို မသိရသေးတာလို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ဖမ်းဆီးသွားတဲ့သူတွေနဲ့ ဖုန်းအဆက်အသွယ်မရသေးဘူးလို့လည်း အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ မလေးရှား) က ပြောကြားထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။