‘မမများနဲ့ပွဲကမယ်’ ကမ်ပိန်းက စစ်ကိုင်းအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅၀၀၀ အလှူငွေရှာပြီး ထောက်ပံ့မယ်

‘မမများနဲ့ပွဲကမယ်’ ကမ်ပိန်းက စစ်ကိုင်းအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅၀၀၀ အလှူငွေရှာပြီး ထောက်ပံ့မယ်
◾️ စစ်ကိုင်းမှာ ကယ်တင်ရမယ့်နေရာက ကရင်နီထက် ၆ ဆ ရှိပြီး အနည်းဆုံး သိန်း ၃၀၀၀၀ ရှာရမှာဖြစ်လို့ Project ကို Phase (1) and Phase (2) ခွဲပြီးရှာဖွေ
ဇွန် ၂၇ ၊ ၂၀၂၂

‘မမများနဲ့ပွဲကမယ်’ ကမ်ပိန်းက ပထမအကြိမ် ကရင်နီဒေသအတွက် လက်နက်ကြီးတွေ ဝယ်ဖို့ ကောက်ခဲ့ပြီးတော့ အခု အခါမှာတော့ စစ်ကိုင်း တိုင်းအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅၀၀၀ အလှူငွေရှာပြီး ထောက်ပံ့မယ့် ကမ်ပိန်းကို စတင်လိုက်ပါပြီ။

စစ်ကိုင်းတိုင်းက ကယ်တင်ရမယ့်နေရာတွေအားလုံးပေါင်းလိုက်ရင် ကရင်နီဒေသထက် ၆ ဆလောက်ရှိနေပြီးတော့ ဖြန့်ကြပ်ထောက်ပံ့ဖို့အတွက်က အနည်းဆုံး ကျပ်သိန်း ၃၀၀၀၀ ရှာဖွေရမှာဖြစ်တယ်ပါတယ်။

အဲဒီလို ကျပ်သိန်း ၃၀၀၀၀ ကို တစ်ပြိုင်တည်းကောက်ခံရင် ပြည်သူတွေ အခက်အခဲဖြစ်မှာဆိုးလို့ ‘မမများနဲ့ပွဲကမယ်’ ကမ်ပိန်းက Project ကို Phase (1) and Phase (2) ခွဲပြီးရှာဖွေမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်း ပရောက်အတွက် Phase (1) ကို ဇွန်လ ၂၆ ရက်ကနေ ဇူလိုင် ၂၅ ရက်အထိ သတ်မှတ်ထားပြီးတော့ ရက်ပေါင်း ၃၀ အတွင်းမှာ သိန်း ၁၅၀၀၀ ကို ရှာဖွေမှာပါ။

‘အရေးကြီးဆုံးက ဒီ ” မမများနဲ့ပွဲကမယ် ” စစ်ကိုင်းကမ်ပိန်းကရရှိလာတဲ့ အလှူငွေတွေကို NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ကနေတဆင့် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ မမတို့သည် ရောက်ရာဒေသတိုင်းကို ပြည် သူ့ငွေနဲ့ ထိရောက်စွာပံ့ပိုးကူညီသွားမှာဖြစ်လို့ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ တော်လှန်ရေး၊ လွတ်မြောက်ရေး၊ တွန်းလှန်နိုင် ရေး၊ တန်ပြန်နိုင်ရေးကိုသာ တည့်တည့်မျက်နှာမူထားတယ်ဆိုတာ သစ္စာကျိမ်ဆိုပါတယ်။’ လို့ ‘မမများနဲ့ပွဲကမယ်’ ကမ်ပိန်းက ပြောကြားထားတာပါ။

‘မမများနဲ့ပွဲကမယ်’ ပေ့ချ်က ပြည်သူတွေနဲ့ မမရဲ့အကြား ပရောဂျက်တွေကို ဆက်သွယ်ပေးတာနဲ့ သတင်းပြန်ကြားပေး တဲ့ ပေ့ချ်သီးသန့်သာဖြစ်ပြီးတော့ အလှူငွေကောက်ခံတဲ့ပေ့ချ်မဟုတ်ဘူးဆိုပြီး ဖော်ပြထားပါတယ်။
လှူဒါန်းမယ့်သူတွေအနေနဲ့ https://www.facebook.com/108975101826970/posts/123653960359084/?mibextid=7ovdaX လင့်ကိုနှိပ်ပြီး နိုင်ငံ အလိုက် တာဝန်ခံတစ်ဦးရဲ့ လင့်ခ်ကိုနှိပ်ပြီး မက်ဆင်ဂျာကိုရောက်ရင် အချက် ၄ ချက် လုပ်ဆောင်ပြီး လှူဒါန်းရမှာပါ။

လုပ်ဆောင်ရမယ့် ၄ ချက်က မမများနဲ့ပွဲကမယ် ၊ မိမိလှူဒါန်းလိုတဲ့ငွေပမာဏ၊ နာမည် (ထုံးစံအတိုင်း certificate challenge ရှိတာဖြစ်လို့ ကြိုက်ရာသာပေး) ၊ Email/ gmail အစရှိတဲ့ အချက်တွေကိုပေးပြီးရင် ဘဏ်အကောင့်ရယူပြီး ငွေလွှဲ၊ ဖြတ်ပိုင်းပို့ပြီးတာနဲ့ စိတ်ချယုံကြည်စွာ စောင့်ပေးဖို့ပါပဲ။ နာရီပိုင်းအတွင်း ဒါမှမဟတ် ၃ ရက်အတွင်းမှာ မှတ်တမ်း ကို လက်ခံရရှိမှာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.