မန္တလေးမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ဇူလိုင် ၁၈ ၊ ၂၀၂၂
မန္တလေးမြို့ တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဒီနေ့မနက်ခင်းမှာ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံတော်ကိုလွင့်ထူကြ” ၊ “လူမျိုးကြီးဝါဒတိုက် ဖျက်ကြ” ၊ “အာဇာနည်မျိုး သေရိုးမရှိ” စားသားတွေပါသော ဗီနိုင်းများ ကိုင်စွဲကာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး ဟစ်ကြွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီ လှုပ်ရှားမှုကို မန္တလေးသပိတ်အင်အားစုနဲ့ သံဃသမဂ္ဂ-မန္တလေးတို့ စုပေါင်းပြီး မန္တလေးမြို့တစ်နေရာတွင် အကြမ်း ဖက်စစ်အာဏာရှင်တပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားထဲက ချီတက်ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Photo-Simple Light,MRS,Poison
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။