မနက်ဖြန် ည (၇) နာရီ … တိုက်ရိုက်ထုတ်လွှင့်မည်
“ယုံကြည်ရာခြေလှမ်းများအတွက် ဆုလက်ဆောင်”
စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ဦးတည်ပြီး #5MillionChallenge တွင် အင်တိုက်အားတိုက်ပါဝင်ခဲ့လှူဒါန်းခဲ့ကြတဲ့ ပြည်တွင်းပြည်ပကအလှူရှင်များအတွက် မေတ္တာတုံ့ပြန် လက်ဆောင်ပေးအပ်မယ့် ကံစမ်းမဲဖောက်ပွဲကို မကြာမီကျင်းပမယ့်အကြောင်းလေး သတင်းကောင်းပါးပါရစေ..
OFP page တွင် ယခင်ကြေညာထားတဲ့ ဆရာကြီး ဦးဝင်းဖေ၊ ကိုမင်းကိုနိုင်နဲ့ အဆိုတော်ကျားပေါက်တို့ရဲ့ အနုပညာလက်ရာ ပန်းချီကားများ အပြင်၊ ကမ္ဘာတဝှမ်းမှာရှိကြတဲ့ မြန်မာတွေရဲ့ အမြတ်တနိုးထားရှိတဲ့ပစ္စည်းလေးတွေကို ရက်ရက်ရောရော လှူဒါန်းဖို့ လာရောက်ကမ်းလှမ်းထားသူတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အလျဥ်းသင့်သလို ထပ်မံရွေးချယ်ထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကတော့
– ပန်းချီချစ်မြတ်နိုးသူ အလှူရှင်တစ်ဦးမှ လှူဒါန်းထားသော နိုင်ငံကျော် ဝါရင့်မင်းသား၊ နာရေးကူညီမှုအသင်း-ရန်ကုန် ၏ ဥက္ကဌ ဦးကျော်သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကား
– နွေဦးတော်လှန်ရေးအမှတ်တရလက်ရာများကို တီထွင်ရောင်းချပေးနေသော FCOUP မှ လှူဒါန်းသော Symbol of Revolution necklace နှင့် bracelet များ
– ပြည်သူ့ဂုဏ်ရည် အသင်း (နယူးဇီလန် ဌာနခွဲ) မှအလှူရှင်တစ်ဦး လှုဒါန်းသော စိန်လက်စွပ်
– Myanmar Nationalities’ Support Organization – JP ရဲ့ အဖွဲ့ဝင်တစ်ဦးမှလှူဒါန်းသော မြန်မာနိုင်ငံမြေပုံ ရွှေလော့ကတ်
– Australia မှ အလှူရှင်တစ်ဦး လှူဒါန်းသော Save Myanmar Handmade နာရီ
အစရှိတဲ့ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ တုံ့ပြန်လက်ဆောင် အမှတ်တရ ပစ္စည်းလေးတွေ ဖြစ်ပါတယ်။
ဒီကံစမ်းမဲဖောက်ပွဲကို ရုပ်ရှင်သရုပ်ဆောင် DAUNG – ဒေါင်း နဲ့ သရုပ်ဆောင် Myat Noe Aye – မြတ်နိုးအေး တို့က Facebook Live အစီအစဥ်အဖြစ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် Ministry of Defence – National Unity Government of Myanmar ဝန်ကြီး ဦးရည်မွန်၊ ကို Min Ko Naing တို့နဲ့အတူ 5 Million Challenge မှာ အားသွန်ခွန်စိုက် ဝိုင်းဝန်းလုပ်ကိုင်ခဲ့ကြတဲ့ ရံပုံငွေရှာဖွေရေးအဖွဲ့ဝင်အချို့လဲ တက်ရောက်မှာဖြစ်ပြီး၊ ကံစမ်းမဲလက်မှတ်များ နှိုက်ထုတ်ရွေးချယ်ပေးဖို့ နိုင်ငံကျော်အဆိုတော် Kyar Pauk အား အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြားထားပါတယ်။
ဒီအစီအစဉ်ကို စက်တင်ဘာလ ၅ ရက်နေ့ (5-9-2021) တနင်္ဂနွေနေ့ ည ၇နာရီ (မြန်မာနိုင်ငံစံတော်ချိန်) မှာ CRPH-OFP Page မှနေ၍ Live ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တဲ့အတွက် အလှူရှင်တွေအနေနဲ့ မိမိတို့ဝယ်ယူလှူဒါန်းထားတဲ့လက်မှတ်လေးတွေ ကံထူးမယ့်စာရင်းထဲပါမှာလားဆိုတာ ရင်ခုန်စွာစောင့်စားကြည့်ရှုကြပါလို့
#5MillionChallenge
#modNUG
#OFPFundraisers
#FRCampaigns
#SupportRevolutionHeroes
Like – 18K Share – 1249