မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေ…


မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် (Flower Strike) ဘာ့ကြောင့်ဆင်နွှဲကြမယ်၊ ပန်းသပိတ်ကို ဘယ်လို ပါဝင်ဆင်နွှဲရမယ်ဆိုတဲ့ အကြောင်းတွေကို တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေက ပြောပြပေးထားတာတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
အာဏာရူးတွေ လက်နက်အားကိုးနဲ့ ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်း သက်သေပြကြပါစို့။
#SpringRevolution
#PVTV

Like – 7.9K Share – 699

Public Voice Television Facebook

Add your reaction

  1. မနက်ဖြန်အမေ့မွေးနေ့အတွက်နှင်းဆီပန်းလေးဝယ်ထားတယ် 🥰

  2. အမေမွေးနေ့မှာအမြန်ဆုံးလွတ်‌ပါစေ။ ကျမ်းမာပါစေ

  3. အမေစု ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေ။

  4. ဆယ်လမွန်ငါးတွေလို

    ရေဆန် လေဆန် တတ်ကြတာပေါ့ဗျာ။

    သမုဒ္ဒရာ မှ ပင်လယ်

    ပင်လယ် မှ မြစ်

    မြစ် မှ ချောင်း

    ကျွန်တော်တို့ မှန်းထားတဲ့ ပန််းတိုင်းထိ

    ကျွန်တော်တို့တွေအားလုံး ရောက်ချင်မှလည်း
    ရောက်မယ်။

    မရောက်ခင် လဲပြိုသူတွေလည်း ရှိမယ်။

    ဖေးကူးသူတွေလည်း ရှိမယ်။

    မရေရာမူ့တွေကြားထဲမှာ
    သေချာနေတာက

    “ကျွန်တော်တို့ အားလုံးမှာ
    သေချာတဲ့ ပန်းတိုင် ရှိတယ်ဗျာ။”

    ဒီနေ့နဲ့ မနက်ဖန်က
    ခင်ဗျား အတွက် မသေချာသလို
    ကျွန်တော် အတွက်လည်း မရေမရာပါဘဲ။

    သေချာတာတစ်ခုက
    ကျွန်တော်တို့အာလုံး အနာဂတ်မျိုးဆက်တွေအတွက်
    အသက်နဲ့ခန္ဓာ ပေးဆပ်ရင်း ချီတတ်နေကြတာဘဲ
    မဟုတ်လား မိတ်ဆွေ။

    ( အမေစု မွေးနေ့ အမှတ်တရ)

  5. ပြည်သူအားလုံးကိုရင်ဝယ်သားလို စေတနာမေတ္တာ ဂရုဏာ ထားတဲ့၊
    ပညာတရား အကြင်နာတရား ပြည့်စုံတဲ့ အမေစု သက်ရှည်ကျန်းမာပါစေ။ အမေရဲ့ ဆန္ဒများ အမြန်ပြည့်စုံပါစေ။

  6. မြန်မာနိုင်ငံရဲ့မိခင်ကြီးကျန်းမာသက်ရှည်အမြန်ဆုံးလွှတ်မြောက်ပါစေ🙏🙏🙏

  7. မွေးနေ့မှစ၍အခက်အခဲ၊အကြပ်အတည်း၊ဆင်းရဲအပေါင်းမြန်မြန်လွတ်မြောက်ပါစေ

  8. ​ဝေလည်း​မွှေး ​ကြွေလည်း​မွှေးပါ🌹အ​မေနှင့် ကျဆုံးသွား​သော အာဇာနည် သူရဲ​ကောင်းများ ဖမ်းဆီးခံထားရ​သော ​ကျောင်းသား ပြည်သူများနှင့် အနုပညာရှင် ပန်း​ပေါင်းစုံ ရနံ့များ ❤လှိုင်သင်းနိုင်ပါ​စေလို့ ဆန္ဒပြုလျှက် ​ဘေးအ​ပေါင်းမှ အမြန်ဆုံး လွတ်​မြောက်နိုင်ပါ​​စေ​ကြောင်း ပြည်သူအ​ပေါင်းက ဆု​တောင်း​ပေး​နေပါတယ်🙏🙏🙏

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.