မတ် ၅ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

မတ် ၅ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==========================

⚠️ ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

⚠️ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပျံလွှားအောင် စစ်ဆင်ရေးအနေနှင့် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကာ ကင်းလှည့်ယာဉ် ၃ စီး၊ လေတပ်ဗိုလ်ကြီးအဆင့်ရှိသူ နေအိမ်၊ အကြမ်းဖက်စစ်ကောင်စီပိုင် MyTel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

⚠️ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး တပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး MyTel တာဝါတိုင် တစ်ခုနှင့် ရဲစခန်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

⚠️ ရန်ကုန် တောင်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ၁ ကြိမ်၊ ဗုံးခွဲတိုက်ခုက်မှု ၆ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ကာ MyTel တာဝါတိုင် တစ်ခု၊ ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

⚠️ ရန်ကုန် မြောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေကာ MyTel တာဝိုင်တိုင် တစ်ခု၊တိုက်လေယာဉ် ၂ စီး၊ ကင်းလှည့် ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီ အခြေစိုက် အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ခရိုင်/မြို့နယ်(ပကဖ) ၊ ဗမာ့လူငယ်ကွန်ရက်၊ SSUG, MO7(Eagle) DRG, Black Peacock, MO 8 , HRD, GZDF, ACPLF, Hmawbi Revolution Force, YPDF(ဗဟန်း), Spring Brother Force, The Boys , STA, Dark Shadow, MDF , SOF , HRDF, MO 3 (Dawn), YFA, Zero to Hero, Z Fighter, GOD, Free Tiger Ranger , SRF , YUG (Army) , APLF အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

⚠️ စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၂၉ စီးပါ စစ်ယာဉ်တန်းကို ယနေ့ မတ်လ ၅ ရက် နံနက် ၆ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိပါတယ်။ စစ်ကောင်စီယာဉ်တန်းကို KIA၊ အင်းတော် PDF၊ ပကဖ၊ Indaw Tiger Army က မိုင်းဆွဲပြီး မိနစ် ၃၀ ခန့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီး၊ စစ်သား ၂၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ စစ်သားအချို့ တောထဲဝင်ပြေးသွားကြောင်း အင်းတော်တော်လှန်ရေးအင်အားစု IR က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မှ ကချင်ပြည်နယ်၊ မိုးညှင်းဘက်သို့ ထွက်ခွာသည့်ယာဉ်တန်းဖြစ်ပြီး စက်သေနတ်တင် ပွိုင့်ကား ၁ စီး၊ ဆီဘောက်ဆာ ၇ စီး၊ ကုန်ကား ၁၅ စီး၊ ကားသေး ၄ စီးနှင့် လာကြိုသည့် ကား ၂ စီး စုစုပေါင်း ၂၉ စီး ယာဉ်တန်းဖြင့်ပြီး ၃ စီးမှာ ပျက်စီးသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေး လာယူသည့်တပ်ဖွဲ့ကို KIA ပူးပေါင်းအဖွဲ့က နေရာ ၄ ခုတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးကြောင်း IR က ရေးသားဖော်ပြပါတယ်။

⚠️ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် နှောရိုး-ကောင်းကင့်ကျေးရွာထိပ်တွင် မတ်လ ၅ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မြောက် ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံပူးပေါင်း (PDF) အဖွဲ့များက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် အင်အားအလုံးအရင်းအသုံးပြုကာ ယာဉ်တန်းဖြင့် ယင်းမာပင်မြို့ဘက်ကို ဉီးတည်၍ ထိုးစစ်ဆင်ရာမှ ထိုထို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းပါ။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားအချို့ ထိခိုက်မှုနှင့်မီးလောင်ခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချိူ့ ထိခိုက်သေဆုံးနိုင်ဖွယ်ရှိကြောင်း ဆက်လက် သိရှိရတာပါ။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သာလွန်အင်အားအသုံးပြုပြီး ရဟတ်ယာဉ် ၊ ခြေလျှင်များဖြင့် နေ့စဉ်ထိုးစစ်ဆင်လာနေကြောင်း ၊ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား နေ့စဉ် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
======================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှု များကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၄.၃. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၄၁ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက် လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.