မတ် ၁၈ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု

မတ် ၁၈ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
===========================

⚠️စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးခန့် သေဆုံးနိုင်ကြောင်း ဂဠုန်တပ်တော် PDF က သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် တာတိုင်ရရွာနှင့် သရက်တောရွာကြား၌ စစ်ကောင်စီစစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေသော ဂဠုန်တပ်တော်နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးခန့် သေဆုံးနိုင်ကြောင်း သိရှိရပါတယ်။

⚠️အလားတူ မတ်လ ၁၃ ရက်နေ့တွင် စိုင်ပြင် မီးသတ်ရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၄ ဦးခန့် သေဆုံးနိုင်ကြောင်း၊ မတ်လ ၁၅ ရက်နေ့ နံနက်တွင် စိုင်ပြင်ရဲစခန်းကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ စစ်သား ထိခိုက်သေဆုံးမှုများ ရှိကြောင်း ဂဠုန်တပ်တော် က သတင်းထုတ်ပြန်ပါတယ်။အဆိုပါ တိုက်ခိုက်မှုများကို ဂဠုန်တပ်တော်၊ LPDF များ၊ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁၉၊ တပ်ရင်း ၂၀၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

⚠️အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အာ း၄၀ ကျော်ပါသော သံခွန်မော်တော် ၁ စီးကို ကချင်ပြည်နယ် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် ယနေ့ မတ်လ ၁၈ ရက် နံနက် ၄ နာရီခန့်၌ မြို့လှ PDF က တိုက်ခိုက်ခဲ့ပြီး စစ်သား သေဆုံးထိခိုက်မှုများ ရှိနိုင်ကြောင်း သိရှိရပါတယ်။ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မြို့လှ PDF က ပစ်ခတ်သော RPG လက်နက်ကြီးကျည် ၁ လုံးသည် စစ်ကောင်စီ မော်တော်အတွင်း ထိမှန်သွားကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ပါတယ်။

⚠️အလားတူ စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီးသည် ကသာမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဖက်သို့ ဆန်တက်လာစဉ် ဘေးတဖက်တချက်ရှိ မြစ်ကမ်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် မြစ်ကြောင်းဘေးရှိ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။အဆိုပါ စစ်ကောင်စီ သင်္ဘော ၂ စီးကို မိုးတားနှင့် ကျောက်ကြီးရွာကြားတွင် ယမန်နေ့ မတ်လ ၁၇ ရက်နေ့၌ ဒေသကာကယွ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိကြောင်း မြို့လှ PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

⚠️မကွေးတိုင်း၊ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းကို ဖြတ်သန်းသွားသည့် စစ်ကောင်စီယာဉ်တန်း ၉၆ စီးကို ပဒေသာမိုင်းဖြင့် ထီးလင်း PDF က မတ်လ ၁၇ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်လိုက်ရာ စစ်ကားတစ်စီးမီးလောင်ပြီး စစ်သားသေဆုံးထိခိုက်မှုများနိုင်ကြောင်း ထီးလင်းPDF က ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့ ပခုက္ကူ-ကျောက်ထု လမ်းပိုင်း အား ဖြတ်သန်းသွားလာသည့် ရိက္ခာပို့ စစ်ယာဥ်တန်းကား(၉၆)စီးကို 𝑷𝑫𝑭- 𝑯𝑻𝑰𝑳𝑰𝑵 က ပုံတောင်လမ်းဆင်း တစ်နေရာတွင် အင်အားအပြည့်ပါ စစ်ကားကို ဝေဝေဆာဆာ ပဒေသာမိုင်းများဖြင့် အမိအရ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင် ပျက်စီးသွားကြောင်း၊ အသေအပျောက်များပြားပြီး အရေအတွက် အတိအကျ အတည်ပြုနိုင်သေးခြင်း မရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မတ်လ ၁၈ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=======================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှု များကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၇.၃. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက် ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.