မတ် ၁၅ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==========================
⚠️ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် ပျူစောထီး စစ်သင်တန်းစခန်းကို PDF ဝင်တိုက်မှု စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီး ၃ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ကျည်များ သိမ်းဆည်းရမိကြောင်း မော်လိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ People’s Defence Force – Kalewa ၊Mawlaik People’s Defence Force နှင့် မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၁၄ ရက်နေ့ ၊ နံနက် ၄ နာရီခွဲအချိန် မော်လိုက်မြို့နယ် ထော်သာကျေးရွာတွင် စစ်တပ်က ပျူစောထီးသင်တန်းပေးပြီး လူစုနေသည့် နေရာများကို အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခတ်ခဲ့ရာ ပျူစောထီး စစ်စခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်မှ ဗိုလ်တစ်ဦးနှင့် ပျူစောထီး ၃ ဦးတို့ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ထို့ပြင် ကာဘိုင်သေနတ် ၅ လက်၊ကာဘိုင်ကျည် ၈၅၀ တောင့် နှင့် ၅.၅၆ ကျည် ၃၉၀ တောင့် ၊A3 ဗုံးသီး ၂ လုံး ၊ဖုန်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ပျူစောထီးခေါင်းဆောင်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ပွဲအတွင်း PDF ဘက်မှ အထိအခိုက် ဒဏ်ရာ အကျအဆုံး လုံးဝမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
⚠️ စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်သင်္ဘော ၂ စီးကို ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ချက်ကောင်းထိပြီး သင်္ဘောအတွင်းပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ် သား ၃၀ ဦးထက်မနည်းသေဆုံးကြောင်း ကသာ PDF က သတင်းထုတ် ပြန်ထားပါတယ်။
⚠️ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း မန္တလေးမြို့ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့် မီးပွိုင့်၌ လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်နေသည့် စစ်ကောင်စီလှည့်ကင်းတပ် ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိသွားကြောင်း၊ Mandalay Black King Scorpion၊ Guerilla Force of Mandalay၊ Mandalay Ranger Force – PDF မဟာမိတ်ညီနောင်သုံးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ထို့ပြင် Mandalay Black King Scorpion နှင့် Guerilla Force of Mandalay မဟာမိတ်ညီနောင်နှစ်ဖွဲ့ က ၆၂ လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ် ဂိတ်ပေါက် လုံခြုံရေးဂိတ်ကို ဗုံးဖြင့် ယနေ့တိုက်ခိုက်ရာ ဂိတ်ပေါက်စောင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
⚠️အလားတူ မန္တလေးတိုင်း မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးကို ယနေ့ည ၇ နာရီခွဲအချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရတာပါ။
⚠️ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်းကို မတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ရှော့တိုက်ဒုံး ၆လုံးဖြင့် ကောင်းကင်၊ စွယ်တော်၊ ဗိုလ်ဇေယျနှင့်နင်ဂျာ(ဘတလင်)တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း သိရှိရပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မတ်လ ၁၅ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=====================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေ မှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၁၄.၃. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၂ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၃၈ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက် လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။