မတ်လ(၂)နေ့ကနေ (၄)ရက်နေ့ထိ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်းသေ
မတ် ၅ရက်၊ ၂၀၂၂
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ ဒေါကမီးကျေးရွာနဲ့ ပူဖါးကျေးရွာမှာ စစ်ကြောင်း(၃) ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ KNDFKA၊ လွိုင်ကော်(PDF)အပြင် အခြားတော်လှန်ရေးတပ် အင်အားစုတွေ ပူးပေါင်းပြီး (၃)ရက်အတွင်း ခုံခံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DMO-Local PDFက ထုတ်ပြန်ပါတယ်။
အဲ့ဒီ(၃)ရက် တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က (၅) ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တခြားတော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလဲ ထိခိုက်ဒဏ်ရာအချို့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်-ဒီးမော့ဆို(DMO-Local PDF)ဘက်က ရဲဘော်(၁)ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် စစ်ဘေးရှောင်ပြည်သူနေအိမ် (၁၅)လုံး လက်နက်ကြီးထိမှန်ပြီး (၁၇)လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့တယ်လ်ု့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ(၁၆)ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မတ်လ(၄)ရက်နေ့ထိ (၁၇)ရက်တိုင်တိုင် တိုက်ပွဲဆက်လက်ပြင်း ထန်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ဒီးမော့ဆိုမြို့ကိုဦးတည်ပြီး ဆက်လက်ထိုးစစ်ဆင်လာနေတာကြောင့် မိဘပြည်သူတွေက ဒီးမော့ဆိုမြို့နယ်တွင်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို ပိုမိုဝိုင်းဝန်း ကူညီပေးကြဖို့တိုက်တွန်းလိုတယ်လို့ဆိုပါတယ်။
ဒီမော့ဆိုမြို့ရှိ မိဘပြည်သူများ လုံခြုံရေးအတွက် သတိရှိရှိသွားလာကြပါဖို့ အသိပေးလိုတယ်လို့ DMO-Local PDF က ဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတ