မတ်လအထိ ရောင်းချထားခဲ့ရတဲ့ ငွေတိုက်စာချုပ်အရေအတွက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်

မတ်လအထိ ရောင်းချထားခဲ့ရတဲ့ ငွေတိုက်စာချုပ်အရေအတွက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်
မတ် ၆ ၊ ၂၀၂၂

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ငွေတိုက်စာချုပ်တွေ ရောင်း ချ လျက်ရှိရာမှာ မတ်လ ၃ ရက် အထိ ထုတ်ဝေရောင်းချပြီးဖြစ်တဲ့ ငွေတိုက်စာချုပ်အရေအတွက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ငွေတိုက်စာချုပ်တွေ ကို စတင်ရောင်းချခဲ့တဲ့အချိန်ကစပြီးတော့ မတ်လ ၃ ရက်အထိ ရောင်းချခဲ့ရတဲ့ အရေအတွက်က ၆၁၀၇၄ စောင် ဖြစ် ပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ သိန်းနဲ့ သန်းနဲ့ ချီ ပြီးတော့ ဝယ်ယူသူတွေပါသလို အမေရိကန်ဒေါ်လာ ၁၀၀ တန်စာချုပ်ကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီးတော့ ဝယ်ယူတဲ့ သူတွေလည်းပါဝင်တယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိနိုင်တဲ့ပမာဏအလိုက် ဘွန်းတန်ဖိုး အသီးသီးဝယ်ယူပြီး တော်လှန်ရေး အတွက် ပါဝင်အားဖြည့်ပေးကြသူ တစ်ဦးချင်းတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုထိခိုက်ကြရတဲ့ ပြည်သူအများကို ကာကွယ်စောင့် ရှောက်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုးကို ရွပ်ရွပ် ချွံချွံ တွန်းလှန်နေကြတဲ့ တော်လှန်ရေးအင်အားစုများကို ကူညီ ထောက်ပံ့ဖို့ မိမိတို့ရဲ့ ချွေးနည်းစာများကို ခက်ခဲမှုများကြားထဲကနေ တာဝန်သိစိတ်နဲ့ ဘွန်းဝယ် ယူပေးကြသူ တွေဖြစ်သလို ကိုယ်ထူကိုယ်ထ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ မိမိတို့ တိုင်းပြည်ကို တစ်တပ်တစ်အား ပြန်လည်ထူ ထောင်နေကြသူတွေလည်း ဖြစ်ကြတယ်လို့ဖော်ပြထားတာ တွေ့ရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဝယ်ယူပံ့ပိုးထားတဲ့ ငွေကြေးများကိုလည်း လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် အသုံးပြုနေတယ်ဆိုတာကို အသိပေးတင်ပြရင်း မိမိတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်ရသူတွေကိုလည်း နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တတ်စွမ်းသလောက် ဘွန်းဝယ်ယူပြီး အသက်ပေါင်းများစွာ၊ ဘဝပေါင်း များစွာကို ကာကွယ်ပံ့ပိုးပေးကြဖို့ ဆက်လက်တိုက်တွန်းပေးကြပါလို့ မေတ္တာရပ်ခံထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.