မတ္တရာမြို့ အနောက်ခြမ်းက ရွာ ၁၁ရွာက နေအိမ် ၂၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ဦးကို သတ်ဖြတ်

မတ္တရာမြို့ အနောက်ခြမ်းက ရွာ ၁၁ရွာက နေအိမ် ၂၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ဦးကို သတ်ဖြတ်

မတ် ၁၈၊ ၂၀၂၃

မန္တလေးတိုင်း၊မတ္တရာမြို့နယ် အနောက်​ခြမ်းကကျေးရွာ ၁၁ရွာက နေအိမ် ၂၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၇ဦးခန့်ကို သတ်ဖြတ်ခဲ့တယ်လို့ wetlet informational networkက PVTVကို ပြောပါတယ်။

မတ္တရာမြို့နယ်မှာ မတ်လ ၁၃ ရက်ကနေ ၁၈ ရက်အတွင်း အကြမ်းဖက်စစ်တပ်က ကျေးရွာ ၁၁ရွာကို စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက် မီးရှို့နေမှုကြောင့်
၆ရက်အတွင်း ပြည်သူပိုင် အိမ် ၂၁၅လုံးကျော် မီးရှို့ခံခဲ့ရတာပါ။

“မတ္တရာမြို့နယ် အနောက်ခြမ်း “ရွာပေါင်း ၁၁ရွာ မီးရှို့ခံရပြီး​တော့ပြည်သူ ၇ဦး သတ်ဖြတ်ခံရပါတယ်။အဲဒီအသတ်ခံရတဲ့အထဲက မြွေရွှေဂဲရွာက အမျိုးသားတစ်ဦးပါပါတယ်”လို့ wetlet informational networkက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက PVTVကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်
မြွေရွှေဂဲရွာ အိမ်ခြေ ၃၂လုံး၊မြွေကြည်ကုန်းရွာ အိမ်ခြေ ၃လုံး၊မြွေကတို့ဆိပ်ရွာ အိမ်ခြေ ၄လုံး၊မြွေပုသိပ်ရွာ အိမ်ခြေ ၂လုံး၊မြွေမြစ်ရိုးရွာ အိမ်ခြေ ၂၉လုံး၊မြွေရေယဉ်ရွာ အိမ်ခြေ ၄၅လုံးခန့် မီးရှို့ခံရပါတယ်။

ဒီအပြင်မြွေခလရွာ အိမ်ခြေ ၂၇လုံးမြွေတလိုင်းရွာ အိမ်‌ခြေ ၇၀(၃ကြိမ်တိုင် မီးရှို့ ဖျက်စီးခံရ)၊ပိုဝမြောက်ရွာ စာသင်ကျောင်း ၂ဆောင်၊စိန်ပန်းကုန်းရွာ အိမ်ခြေ ၁လုံးနဲ့ဒေါင်းကျွန်းရွာ အိမ်ခြေ မသိရတို့ကို အကြမ်း ဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.