မတ္တရာမြို့နယ်ထဲက ရွာ ၉ ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီး
မတ် ၁၈၊၂၀၂၃
မန္တလေးတိုင်း၊မတ္တရာမြို့နယ်ထဲက ကျေး ရွာ ၉ ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ wetlet informational networkက သိရပါတယ်။
မတ္တရာမြို့နယ်မှာ မတ် ၁၃ ရက်ကနေ ၁၇ ရက်အတွင်း အကြမ်းဖက်စစ်တပ်က မြွေပုသိမ်ရွာ၊ မြွေကြည်ကုန်းရွာ၊ မြွေကူးတို့ဆိပ်ရွာ၊ မြွေရွှေခဲရွာ၊ ပိုဝ (မြောက်) ရွာ၊ စိန်ပန်းကုန်းရွာ၊ မြွေခလရွာ၊ မြွေရေယာဉ်ရွာနဲ့ မြွေတလိုင်းရွာတို့ကို မီးရှို့ဖျက်ဆီး
ခဲ့တာပါ။
အကြမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာကိုးရွာက ဒေသခံတစ်သောင်းကျော်မှာ နီးစပ်ရာ တောတောင်တွေကိုထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြွေတလိုင်းရွာကိုလည်း အကြမ်းဖက်စစ်တပ်က မတ် ၁၆ရက်နဲ့ ၁၇ရက်မှာ ၃ကြိမ်တိုင် အောင် မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၅၃လုံး ပျက်စီးခဲ့ပါတယ်။
မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေထဲကို အကြမ်းဖက်စစ်တပ်က နေ့စဥ်ရက်ဆက် အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးနေတာကြောင့် မီးလောင်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။