မတူပီမြို့နယ်မှာ ၂ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၇ဦးသေ၊ အများအပြား ဒဏ်ရာရ
ဇူလိုင် ၇ ၊ ၂၀၂၂
ချင်းပြည်နယ် မတူပီ မြို့နယ် မတူပီ – လိုင်လင်းပီမြို့အကြားမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အနည်းဆုံး ၇ဦးသေဆုံးပြီး ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့ မတူပီချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ပါတယ်။
လိုင်လင်းပီမြို့ကနေ ဇွန် ၂၈ရက်က ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မတူပီ CDF တို့ဟာ ဇူလိုင် ၆ရက် မနက်က မတူပီ – လိုင်လင်းပီလမ်း ရဲန်ခဲန်းရွာနဲ့ အမ်မိလိုင်း ရွာကြားမှာ တိုက်ပွဲ၁ကြိမ်၊ မနေ့က ညနေပိုင်းမှာ အမ်မိလိုင်း ရွာအနီးမှာ တစ်ကြိမ်၊ ဒီကနေ့မနက်မှာလည်းတစ်ကြိမ် စုစုပါင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့တာပါ။
မနေ့က မနက်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သလို မနေ့က ညနေပိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၂ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ မတူပီ CDFက ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မနက် အမ်မိလိုင်းရွာနားတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၂ဦးသေ၊ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့ တိုက်ပွဲမှာတော့ မတူပီ CDFနဲ့ ချင်းအမျိုးသားတပ်မတော်(CNA)၊ Zotung CDF တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် မတူပီ -လိုင်လင်းပီလမ်းမှာ ၂ရက်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၇ဦး သေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း မတူပီ CDFနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမရှိဘူးလို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – CDF MATUPI စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့စဥ်က
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။