မင်းတပ်က ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်လို့ ဒေသခံ ပြည်သူ ၂ဦး သေဆုံးပြီးအများအပြားဒဏ်ရာရ
ဇူလိုင် ၂ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ် မင်းတပ်မြို့ နယ် မှာရှိတဲ့ကျေးရွာနှစ်ရွာကို ဒီကနေ့ မနက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၂ရက် နံနက် ၁၁နာရီလောက်မှာ လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်လာတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ စာသင်ကျောင်း၊ ဘုရားကျောင်းတို့ကို အ ပြာရောင်ဂျက်လေယာဉ် ၂စီးနဲ့ လာရောက်ဗုံးကြဲသွားတာလို့လည်း မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ညကလည်း မြ၀တီမြို့နယ် သေ့ဘော့ဘိုးရွာကို တိုက်ပွဲဖြစ်ပွားမှု မရှိဘဲနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းသားကျောင်းသူတွေ အပါအဝင် ပြည်သူ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ အခြားဒေသတွေမှာလည်း ဒေသခံ ပြည်သူတွေနေထိုင်ရာ နေရာတွေကိုလက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက် ခိုက်တာ ၊ လေကြောင်းက ဗုံးကြဲတာ တွေကို ပြုလုပ်ခဲ့လို့ အရပ် သားသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။