မင်းကင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၃ ယောက်ကျဆုံး ၂ ယောက် ဒဏ်ရာရ
ဖေဖော်ဝါရီ ၉၊ ၂၀၂၂
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ၊MKPDF -B/3 တပ်ခွဲ၁၊ ပျောက်ကြားတပ်စိပ်၂ က ရန်သူ့နယ်မြေဖြစ်တဲ့ စနဗျင်းရွာကို ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၁ နာရီဝန်းကျင်လောက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ ရန်သူဘက်က ၃ ယောက် ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
MA-2စက်ကလေးတစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆီးရမိခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။