မကွေးတိုင်း တပ်ရင်း ၇၁၀ တပ်ရင်းမှူးက လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်းတွေကို ကူညီပေးကြဖို့ မေတ္တာရပ်ခံ
ဇူလိုင် ၂၀ ၊ ၂၀၂၂
မကွေးတိုင်းမြောက်ပိုင်းမှာ အခြေတည်ထားတဲ့ အနောက်ပိုင်းတိုင်းစ စ်ဌာနချုပ်၊ တပ်မဟာ ၇ ၊ တပ်ရင်း ၇၁၀ ရဲ့ တပ်ရင်းမှူးဖြစ်သူက တပ်ရင်းအတွက် လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်းတွေအတွက် ကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
‘ကျနော်တို့က မကွေးတိုင်းမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ တပ်ရင်းတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ကျနော်တို့ ဒေသမှာ စစ်ရေးတင်းမာနေတာ အ များကြီးရှိနေပါတယ်။ ဒါကြောင့်မို့လို့ မိဘပြည်သူများအနေနဲ့ ကျနော်တို့ကို မောင်းပြန်အပါအ ဝင် စစ်လက်နက် ခဲယမ်းပစ္စည်းများကို ကူညီစေချင်ပါတယ်။ လက်ရှိမှာ ကျနော်တို့ သုံးနေရတာကတော့ တစ်ချက်ထိုး ခါးကျိုး ရိုင်ဖယ်တွေသာသုံးနေရပါတယ်’ လို့ တပ်ရင်းမှူးဖြစ်သူ စစ်နွေက ပြောပါတယ်။
လက်ရှိမှာ အသုံးပြုနေရတဲ့ လက်နက်တွေက တချက်ပစ်ပြီး ကျည်ထည့်၊ တုတ်နဲ့ထိုး ကျည်ကို ပြန်ထုတ်နေရတဲ့အတွက် တိုက်ပွဲမှာ အန္တရာယ်များလွန်းတယ်လို့ သူက ပြောပါတယ်။
‘ကျည်ထည့် မောင်းတင်ပြီးတော့ တစ်ချက်ထိုး ပစ်ပြီးရင် တုတ်နဲ့ထိုးပြီးတော့ ကျည်ကို ပြန်ထုတ်နေရပါတယ်။ တိုက်ပွဲ ထဲမှာ ကျည်ကို ပြန်ထုတ်နေဖို့ အချိန်မရှိပါဘူး။ ကျနော်တို့အတွက် အန္တရာယ်ရှိပါတယ်။ လက်ရှိမှာ မရှိလို့သုံးနေရတာပါ။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ တပ်ရင်းအ တွက် လိုအပ်တဲ့ စစ်အသုံးအဆောင်ပစ္စည်းမောင်းပြန် စတဲ့ စစ်ပစ္စည်းတွေ ကို ကူညီစေချင်ပါတယ်’ လို့ တပ်ရင်းမှူး စစ်နွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်စစ် ဆင်နွဲနေတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက အားအကောင်းဆုံး ဖြစ်ပြီးတော့ အ ကြမ်းဖက်စစ်တပ်ကလည်း အဲဒီဒေသတွေမှာ ရွာတိုင်းကို မီးရှို့ဖျက်ဆီးနေတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။