ဘုန်းကြီးအတုယောင်တွေဖန်တီးပြီး သင်္ကန်းအသုံးချ အကြမ်းဖက်လုပ်ဆောင်နေတာနဲ့
သာသနိကအဆောက်အအုံတွေမှာ တပ်စွဲတာကို တားမြစ်ပေးတော်မူကြရန် သံဃသမဂ္ဂ(မန္တလေး)က နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးတွေကို လျှောက်ထား
ဒီဇင်ဘာ ၂၄၊ ၂၀၂၁
ဂန့်ဂေါဒေသ၊ ယောဒေသ၊ ကလေးမြို့နယ်၊အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ပြည်သူ့တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းထုတ်ပြန်ချက်များအရ အကြမ်းဖက်စစ်ကောင်စီတပ်တွေက
ဘုန်းကြီးအတုအယောင်တွေ ဖန်တီးပြီး သင်္ကန်းဝတ်တွေနဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာကြားသိရတယ်လို့ သံဃသမဂ္ဂ-မန္တလေးက မိန့်ပါတယ်။
အဲဒါကြောင့် ဘုန်းကြီးအတုအယောင်တွေဖန်တီးပြီး သင်္ကန်းဝတ်တွေအနေနဲ့ အကြမ်းဖက်လုပ်ဆောင်နေမှုတွေကို ဘယ်လို အဖွဲ့အစည်း ဘယ်လို ပုဂ္ဂိုလ်တွေ ကျူးလွန်တာဖြစ်ဖြစ် သာသနာအရေးမြော်တွေးတော်မူကြဖို့နဲ့ လျှင်လျှင်မြန်မြန် တားမြစ်ပေးတော်မူကြဖို့
ဘုရားတပည့်တော်များ သံဃသမဂ္ဂအဖွဲ့ကခြေတော်စုံဦးခိုက် ရိုသေစွာလျှောက်ထားလိုက်ပါတယ် ဆရာတော်သံဃာတော်အရှင်မြတ်တို့ဘုရားလို့ သံဃသမဂ္ဂ ( မန္တလေး ) က ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews