ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်
◾️ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါ ၉ ဦး ပွဲချင်းပြီးသေ
ဇူလိုင် ၄ ၊ ၂၀၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကား ၁၀ စီးပါ ယာဉ်တန်းနဲ့ ဖြတ်သန်းသွား လာနေစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်း တပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုကို ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ကားတစ်စီးမှာ မိုင်းတည့်တည့်ထိမှန်ပြီးတော့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၉ ဦးက ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းက ပဲခူးတိုင်း၊ ကျောက်ကြီးဘက်ကို ဦးတည်ထားတာဖြစ် ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အသေအပျောက်များခဲ့လို့ ရှေ့ဆက်မယ့် စစ်ကြောင်းကို ဖျက်သိမ်းပြီး ကျိုက်ထိုတပ်ထဲကို ဝင်သွားတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သက်ဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲညီညွတ်စွာ ပြည်သူ့အာဏာကိုမတရားရယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထောက်တိုင်တွေကို ရင်ဆိုင်တိုက်ခိုက်နေတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားတာ တွေ့ရပါ တယ်။
ဓာတ်ပုံ – လုံခြုံရေးအရ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ စစ်ဆေးနေပုံ
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။