“ဘယ်တော့မှမမေ့ဘူး”
မင်းတို့ဘယ်လောက်
သကာရည်လောင်းလောင်း
ဒါဟာမကောင်းဖို့အတွက်အကြံဆိုတာ
လမ်းပေါ်မှာစွန်းထင်းခဲ့ရတဲ့
ပြည်သူတွေရဲ့
ဦးခေါင်းထဲကသွေးတွေက
မမေ့ဖို့ သတိပေးပြီးသား
ငါတို့တွေ အဆုံးထိတိုက်မှာ
မင်းတို့ရဲ့အောက်တန်းစားနိုင်ငံရေးကို
ထာဝရပျက်စီးဖို့
အမြစ်ကလှန်မှာ။
ငါတို့နိုင်ငံ ငါတို့ပြည်သူတွေက
ဒီလမ်းကိုရွေးတာ
သကာရည်လောင်းလို့
တော်လှန်ရေးမှာညောင်းသွားဖို့
ငါတို့စိတ်မကူးဘူး။
လိပ်ဥတူးတူး
ဘုရားဖူးဖူး
မင်းတို့အရူးကွက်ဟာ
မထူးဇာတ်မှန်း
ငါတို့အားလုံးသိတယ်
အသက်ပေးခဲ့တဲ့
တော်လှန်ရေးသူရဲကောင်းများရဲ့
သွေးစွန်းခဲ့တဲ့ပုံရိပ်တွေဟာ
ငါတို့မင်းတို့ကိုအမြစ်လှန်ဖို့
အရှုံးမပေး အားမလျှော့
နောက်မဆုတ်စတမ်း ။
ဒါဟာသစ္စာတရားဆိုတာ
ငါတို့ပြည်သူတွေအားလုံး
သူရဲကောင်းဝိညာဉ်များအတွက်
ပေးထားတဲ့ကတိစကား
ဘယ်တော့မှမမေ့ဘူး။
ဒေါင်း