ဘဘ သို့တမ်းချင်း….
ဘဘရေ…
သမီးတို့ ဒီမိုကရေစီအသီးအပွင့်လေး စားရဖို့…
အပင်လေးကိုပျိုးရင်း ၅နှစ်တာ ရုန်းကန်ခဲ့ကြတယ်…
အကန့်အသတ်တွေကြားထဲကပေါ့…
အကန့်အသတ်တွေရှိပေမယ့်…
ရုန်းကန်ရင်း ဒီမိုကရေစီအပင်ပေါက်လေးထွက်လာတော့
မျှော်လင့်ချက်တွေနဲ့ ပျော်ခဲ့ကြတယ်…
နောင် ၅ နှစ်အတွက်လည်း…
အလုပ်တွေလုပ်ကြမယ်…
ဒီမိုကရေစီအပင်ကြီး ရှင်သန်ကြီးထွားအောင်လုပ်မယ်…
တန်းတူညီမျှခွင့်တွေ ပိုရအောင်လုပ်ကြမယ်…
ငြိမ်းချမ်းရေးအတွက် မျှော်လင့်ကြမယ်…
ပိုကောင်းတဲ့ အရာရာအတွက် မျှော်လင့်ချက်တွေနဲ့ပေါ့…
ဘဘရေ…
တိုင်းပြည်ကောင်းစားမှာကိုလေ…
မနာလိုမရှုစိမ့်တဲ့ မိုက်မဲလွန်းသူ လူတစ်စုရှိနေတယ်…
အခုတော့သူတို့အတ္တနဲ့ တိုင်းပြည်ကိုလဲလိုက်ကြတာ ၇၉ ရက်တောင်ရှိသွားပြီ….
ပြည်သူတွေ ဘ၀ အမှောင်ကျခဲ့တာလည်း ၇၉ ရက်..
မျှော်လင့်ချက်ဆိုတာတွေ ပျောက်ဆုံးသွားတာလည်း ၇၉ ရက်ပေါ့…
ဒီတော်လှန်ရေးကိုတော့
နွေဦးကာလမှာ စခဲ့ရတာမို့..
နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတယ်..
ရင်နာမယ်မှန်း သိပေမယ့် ဘဘကိုပြောပြရအုံးမယ်..
ခုဆို လူငယ်အများစုအပါအ၀င် ကျဆုံးသွားတာ ၇၀၀ ကျော်တဲ့…
ဖမ်းဆီးခံရတာ ၃၀၀၀ ကျော်သွားပြီ…
စစ်အာဏာရှင်လက်အောက် ပြန်သွားရမှာ
ကြောက်ရွံ့ကြလွန်းလို့…
ကြောက်ခေတ်ကို မှောက်ပစ်မယ်လို့
Gen Z တွေကကြွေးကြော်နေကြပြီး
Gen XY တွေက ၀န်းရံလို့
သမီးတို့ တိုက်ပွဲ၀င်နေကြတယ်…
ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို မြင်ယောင်ရင်းပေါ့
ဘဘရေ…
ကတိပြုပါတယ်…
၂၀၂၁ မှာ အာဏာရှင်တွေ အမြစ်ပြတ်သွားရစေမယ်လို့.
သမီးတို့ အဆုံးထိတိုက်ပွဲ၀င်သွားပါ့မယ်..
အရေးတော်ပုံ အောင်ရပါစေမယ် ဘဘ…
(၇ နှစ်ပြည့် ဘဘ အလွမ်းပြေ)
နွေဦးခင်
21.4.2021
#SpringRevolution
#PVTV
Like – 3.4K Share – 179