ဗွီဒီယိုဖိုင် အဆင်မပြေဖြစ်ခဲ့တဲ့အတွက် အသစ်ပြန်တင်ပေးလိုက်ပါတယ်။…


ဗွီဒီယိုဖိုင် အဆင်မပြေဖြစ်ခဲ့တဲ့အတွက် အသစ်ပြန်တင်ပေးလိုက်ပါတယ်။

PVTV နဲ့ ဒေါင်းတို့ ပူးပေါင်းစီစဉ်တဲ့ “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီရွက်လွှင့်” အစီအစဉ်

ဒီတစ်ပါတ် “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီရွက်လွှင့်” အစီအစဉ်မှာတော့ ဒေါင်းက ဦးရည်မွန် (ခ) ကဗျာဆရာ မောင်တင်သစ် ရေးဖွဲ့ထားတဲ့ ကဗျာ တစ်ပုဒ်ကို ရွတ်ဆိုပြထားပြီး လူငယ်တစ်ယောက်ရဲ့ ရင်ဖွင့်သံနဲ့အတူ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကို ပြည်သူတွေသိချင်နေတဲ့ မေးခွန်းအချို့ကို မေးမြန်းပေးထားတာ ခံစားနားဆင်ကြရမှာဖြစ်ပါတယ်။ “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီရွက်လွှင့်” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်းမှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး PVTV ရဲ့ Channel များဖြစ်တဲ့ www.facebook.com/pvtvmyanmar, www.youtube.com/pvtvmyanmar နဲ့ Mizzima, DVB ရုပ်သံလိုင်းတို့မှာလဲ ဖမ်းယူကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Like – 18K Share – 2488

Public Voice Television Facebook

Add your reaction

  1. အခုလို ဆက်တိုက် ပြည်သူကို ခွန်အားပေးနေတာ ကျေးဇူးများစွာတင်ရှိပါတယ် တခု အကြံပေးချင်တာက မြို့သိမ်းတိုက်ပွဲလိုမျိုး ဖြစ်လာခဲ့ရင် ထိုးစစ်ဖြစ်မှာမို့ အဓိကသိမ်းရမယ့်အချက်အချာနေရာတွေ ဥပမာ ရဲစခန်း တပ် ထောင် စသည်ဖြင့် ပြီးလို့ တိုက်ပွဲအောင်သွားတာနဲ့ တပြိုင်နက် လူထုတွေကို အုပ်စုလိုက်ခွဲပြီး တာဝန်ပေးရမယ်ထင်ပါတယ် ဆေးအဖွဲ့ ကယ်ဆယ်ရေးအဖွဲ့ လုံခြုံရေးအဖွဲ့ အစားအစာစုဆောင်းစီမံအဖွဲ့ သဘာဝဘေးဒဏ်ကာကွယ်ရေးအဖွဲ့ စသဖြင့် အမြန်ဖွဲ့စည်းပြီး တဖန်ထိုးစစ်ဆင်လာမယ့် စကစကို နှိမ်နင်းဖို့ ပြင်ဆင်သင့်ပါတယ် ပြီး မြို့နယ်အလိုက် တပြိုင်နက်လုပ်မလား နယ်မြေအလိုက် တဆင့်ချင်းလုပ်မလားပေါ့ ကိုယ်ဥာဏ်မှီသလောက် စဥ်းစားပြီး ရေးမိတာပါ မင်းတပ် ကရင်နီ ကျုံပျော် ကနီစသည်တို့လို အခက်အခဲဖြစ်ရမှာကို နောက်ထပ်မကြုံစေချင်ပါ 🙏💪❤️

  2. ပြည်သူ တစ်ယောက်
    အနေ့ ဖြင့်လေးစား
    မေတ္တာရပ် ခံပါရစေ
    ပြည်သူ တစ်ရပ်လုံးက
    ဖက်ဆစ် စစ်အာဏာရှင်
    များ ကို လိုလား နှစ်သက် ချင်း မရှိ၍
    တော်လှန် နေသည့် ချိန်ခါ မှာ လူမျိူး ဘာသာ
    အခွင့် ရေးတွေ မပြုလုပ် မပြောဆို
    သွေး မကွဲ စည်းလုံးညီ
    ညွတ်ကြပြီး
    ပြည်သူတိုင်း လိုချင်
    တောင်း တနေသော
    စစ်မှန် သော
    (ဖက်ထရယ် ဒီမိုကရေစီ)
    ကိုရအောင် ၊အောင်မြင်သိ အထိ့လက်တွဲညီညီ
    တိုက်ပွဲဝင်ကြပါလို့
    ပြည်နယ်ပြည်မ စိတ်
    ဝမ်း မကွဲအမည်ချစ်ကြမည်

  3. ချစ်လှစွာသော အမိနိုင်ငံတော်အတွက် စိတ်ဓာတ် လုံးဝမကျပါ ဘယ်တုန်းကမှလဲ မကျခဲ့ပါ နောင်လဲဘယ်တော့မှ ကျမည်မဟုတ်ပါ အရေးတော်ပုံ အောင်ရမည်။

  4. မင်္ဂလာ ကိုဒေါင်းရေ အစ၏အစ ကို ရောက်အောင်ဖောက်ထွက်ရမယ့်လမ်းမို့ သာမာန်ပြည်သူပြည်သား အနေနှင့် ကြောက်ရွံ့မှုများ ရှိပါသည်။သို့သော်လည်း အနာရှိရင် အမြစ်ပါမကျန်အောင် အနာကျင်ခံ ဆွဲထုတ်မှသာ ပကတိအကောင်းပြန်ဖြစ်လာမှာမို့ ဖြစ်လာမည့် စစ်ရေးဆိုင်ရာ အကျိုးဆက်များကို ရင်ဆိုင်နိုင်အောင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေကြရပါတယ်။မြို့ပေါ်နေပြည်သူပြည်သားအတွက် ပြေးစရာ တောတောင်မရှိ အတွေ့အကြုံမရှိတဲ့ အတွက် မျက်မှောက်ဖြစ်ပေါ်လာမယ့် စစ်မက်ဘေးကြောင့် ကြောက်ရွံ့ထိတ်လန့် ကူရာမရှိဖြစ်လာခဲ့ရင် ပြည်သူ့လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရသော ပြည်သူ့အစိုးရ အဖွဲ့အစည်းများ အပေါ် အပြစ်မတင်ဖြစ်အောင် ဤသို့ဒုက္ခမျိုးစုံဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သော စစ်ဘီလူးအတ္တသမားများကြောင့် ဖြစ်ရသည်ဆိုသည့် အမှန်တရားကိုဘယ်တော့မှ မမေ့ဘဲ အံကြိတ်ပါဝင် ကျော်ဖြတ်နိုင်အောင် စိတ်ပြင်ဆင် နေရင်း နေ့ရက်တိုင်းကို ကျော်ဖြတ်နေပါတယ်….ပြည်သူက ဘယ်တော့မှ အားမလျော့ပါ ယုံကြည်သည်။

  5. ကျွန်​တို့ ထိုင်းက လူငယ်​များလည်း တူတူပါပဲ့ ဗျ😞 မြန်​မာနိုင်​ငံသား ဖြစ်​ပီး မြန်​မာနိုင်​ငံအတွက်​ တာဝန်​မ​ကျေခဲ့တာ ကိုယ့်​ကိုယ်​ကို ​စိတ်​ပျက်​ရပါတယ်
    ခုလို အာဏာသိမ်​လိုက်​တာ ပြန်​ပီး ​တော်​လှန်​​ချင်​တာ​တော့ အမှန်​ပါ

  6. တို့​တွေအားလုံး ​စောင့်​နေကြပါတယ် တိုက်ပွဲ ​ခေါ်သံ

  7. NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခုတိုက်ပွဲဖြစ်နေတဲ့ ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကယားပြည်နယ် စတဲ့ဒေသခံ တော်လှန်ရေးသမားတွေကို pdf တွေကို တက်နိုင်သလောက် တက်နိုင်တဲ့ဘက်ကနေ လက်နက်တို့လူအင်အားတို့ပေါ့ ကူညီပေးစေချင်ပါတယ် သူတို့ဟာ ကူကယ်ရာမဲ့နေတယ်လို့ပြည်သူတယောက်အနေနဲ့ခံစားရပါတယ်။ formal မဟုတ်ရင်တောင် informal နည်းနဲ့ကူညီပေးကြပါ။ ကူညီနေကြောင်းလူထုကိုအသိပေးလို့ရသလောက်အသိပေးပါ။ ဒါမှလူထုကလည်းအားရှိမှာပါ။ ကိုယ့်နောက်မှာ ကိုယ့်အစိုးရ nug ရှိနေတယ်ဆိုတဲ့ခံစားချက်နဲ့ တက်ကြွကြမှာပါ။nug လည်းထောက်ခံမှုအမျယးကြီးတိုးပွားရရှိလာမှာပါ။အဓိက ကတော့ တိုက်ပွဲဖြစ်ပွားရာဒေသတွေက pdf တွေကိုအတက်နိုင်ဆုံးကူညီဖို့ပါပဲ။ ကျေးဇူးတင်ပါတယ်။ nug ကိုကျွန်တော့်သတင်းစကားလေးရောက်အောင်ပို့ပေးစေချင်ပါတယ်ခဗျာ။ ကျေးဇူးပါ။

  8. နင်‌ပြောတဲ့ ပြည်သူတွေရဲ့စကားသံဆိုတာ ဒီမာပါ မနေ့ က မြင်ခွင်းပါ

  9. Systemတစ်ခုကို ခိုင်မာအောင် တည်ဆောက်နေပြီဆိုတာ မြင်မိပါတယ် ပြည်သူတစ်ယောက်အနေနဲ့ အကြံပြုချင်တာက

    1/ လက်နက်တပ်ဆင်မှုမှာ စကစထက် ပိုကောင်းတဲ့ လက်နက္မျိုးတွေ လိုပါတယ်
    2/စကစရ‌ဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှာ ပြည်သူ့ဖက်ရပ်တည်မယ့် တစ်ယောက်ယောက်ကို ချိတ်ဆက်နိုင်ဖို့ လိုပါမယ်
    3/ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ PDFဆီ လက်နက်ထောက်ပံ့မှု ၊ ငွေကြေးထောက်ပံ့မှု ရယူဖို့ လိုအပ်ပါတယ်
    အရေးတော်ပုံ အောင်ရမယ်💪🏾💪🏾🙌🏽

  10. အရေးတော်ပုံအောင်ရမည်💪💪💪အားလုံးဖိုက်တင်းပါ💪💪💪

  11. ကြေးစားစစ်သားများကိုငှားလိုက်ပါ ကုန်ကျတာတွေအားလုံးရှာပေးပါ့မယ်

  12. U tubeကိုလွှင့်စေချင်တယ်ရံပုံငွေရအောင်တချိန်လုံးထိုင်ကြည့်ပေးမယ်CRPH

  13. တော်လှန်ရေးကြာပြည်သူအများစုနစ်နာအမြန်ဆုံးဖြစ်ချင်တနိုင်ငံလုံးစုနေပြည်တော်ချီတတ်ဝိုင်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.