ဗြိတိသျှသံအမတ်ကြီးရဲ့ ခရစ္စမတ်ကာလ ဆုတောင်းစကား

ဗြိတိသျှသံအမတ်ကြီးရဲ့ ခရစ္စမတ်ကာလ ဆုတောင်းစကား

ဒီဇင်ဘာ ၂၅၊ ၂၀၂၁

မြန်မာနိုင်ငံက ပြည်သူတွေ အခုခရစ္စမတ်ကာလမှာ ပျော်‌ပျော်ရွှင်ရွှင်ဆင်နွှဲရမယ့်အစား စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်‌တွေဖြစ်တဲ့ သေကြေ ပျက်ဆီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ခရစ္စမတ်ကာလဟာ စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစုဝင်အားလုံးရဲ့ကိုယ်စား အခု အခက်အခဲဒုက္ခတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကြောင်း ဗြိတိန်သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။

အခုနှစ်က အထူးသဖြင့် စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အလွဲသုံးစားလုပ်ခံ‌နေရတဲ့ မြန်မာနိုင်ငံတလွှားက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေအတွက် ဗြိတိန်သံအမတ်ကြီး က ဆုတောင်းဆိုပါတယ်။

ဘာသာရေး အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာနဲ့ အသင်းတော်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားသလို ပုံစံနဲ့ လတ်တလော အကြမ်းဖက်မှုတွေက ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ဗြိတိန်သံအမတ်ကြီး က ထောက်ပြပါတယ်။

ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှု‌တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရကဆက်ရပ်တည်သွားမှာဖြစ်ပြီး၊ ကျူးလွန်မှု‌တွေအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗြိတိန်သံအမတ်ကြီး Pete Vowles က ကတိပြုလိုက်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.