ဗန်းမောက်တောင်ပိုင်း တိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်
ဇူလိုင် ၁၄ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးရဲ့ ဓာတ်ပုံကို Banmauk Revolution က ယနေ့ ဖော်ပြခဲ့ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့လို့ ဇွန်လကုန်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပြီးစစ်ကောင် စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပါတယ်။
ဇွန်လ ၂၈ရက် ညပိုင်းနဲ့ ၂၉ ရက် မနက်ပိုင်းမှာ စီးမော် နဲ့ သောင်ကြီး အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးခဲ့ပြီး ၅ဦး ကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ တိုက်ပွဲမှ ဖမ်းမိတဲ့ သုံ့ပန်းတွေကို လမ်းညွှန်ချက်နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး သက်သေခံပုံတွေကို သင့်လျော်တဲ့ အချိန်ထုတ်ပြန်မယ်လို့ အသိပေးထားပြီး နှစ်ပတ်ကျော်အကြာမှာ ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့တာပါ။
ဇွန်လ ၃၀ရက်နေ့မှာလည်း ဗန်းမောက်မြို့နယ် တစ်နေရာမှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်သားများက ဆေးကုသပေးခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထား ကြောင်း အသိပေးခဲ့ပါတယ်။
အခု ဇူလိုင် ဒုတိယ ပတ်မှာလည်း ဗန်းမောက်တောင်ပိုင်းမှာ KIA/PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၁၂ရက် ကော်တာရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၅ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေမှာ အထိနာခဲ့တာကြောင့် ဗန်းမောက်တောင်ပိုင်းကို လေကြောင်းက တို က်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။