ဖောင်းပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရဲစခန်း ၂ ခုကို ဝင်ရောက်စီးနင်း၊ စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးပြီး စခန်းတစ်ခုက စခန်းမှူးကို ဖမ်းဆီးရမိ
ဇန်နဝါရီ ၂၃ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၂ ရက် တစ်နေ့တည်း ရဲစခန်းနှစ်ခုကို ဝင်ရောက်စီး နင်းခဲ့ပြီး စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်စခန်းတစ်ခုက စခန်းမှူးအပါအဝင် ရဲတပ်သား ၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းရဲစခန်းကို ဇန်နဝါရီ ၂၂ ရက်မွန်းလွဲ ၃ နာရီအချိန်က ဖောင်းပြင် PDF အဖွဲ့က အင်အား ၂၃ ယောက်နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ၂၀ ဦးတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီအတွင်းပြီးဆုံးခဲ့ပြီး ရဲတပ်သား ၈ ဦး ထွက်ပြေးသွားပြီး ၂ ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။
ရဲစခန်းအတွင်းက G3 ၃ လက်သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါ တယ်။ အဲဒီတိုက်ပွဲမှာတော့ ဖောင်းပြင် PDF နဲ့ ဖောင်းပြင်မြို့နယ် ပကဖတို့ဘက်က ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။
အဆိုပါတစ်ရက်တည်းမှာပဲ ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်း ရဲစခန်းကို ဖောင်းပြင် PDF အင်အား ၃၀ နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ၅ ဦး စုစုပေါင်း ၃၅ ဦးတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲကြာမြင့်ချိန်က တစ်နာရီနဲ့မိနစ်၂၀ ခန့်လောက်ဖြစ်ပြီး တော့ ရဲတပ်သား ၂ ဦးထွက်ပြေးခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သား ၆ ဦးဖမ်းဆီးရမိခဲ့ပါတယ်။
ဒါအပြင် ရဲခစန်းအတွင်းက G3 ၅လက်၊ စတင်း(အူဇီ) ၂ လက်၊ ကျည်မျိုးစုံ၊ လက်ပတော့ ၁ လုံး၊ ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ဖောင်းပြင် PDF တပ်ရင်းက တစ်ဦး ဒဏ်ရာကို မစိုးရရတဲ့ အခြေအနေနဲ့ ရရှိခဲ့ပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။