ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မတ် ၄ ရက်နေ့အထိ တလအတွင်း ပျံလွှားစစ်ဆင်ရေး ၄၃ ခု ဆောင်ရွက်နိုင်ခဲ့

ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မတ် ၄ ရက်နေ့အထိ တလအတွင်း ပျံလွှားစစ်ဆင်ရေး ၄၃ ခု ဆောင်ရွက်နိုင်ခဲ့

မတ် ၄၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီတပ်တွေအပေါ် စစ်ဆေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်နိုင်ရေး စီမံချက် ပျံလွှားအောင် စစ်ဆင်ရေးကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ တလအတွင်း စစ်ဆင်ရေးလှုပ်ရှားမှု ၄၃ ခု ဆောင်ရွက်နိုင်ခဲ့ပြီး ရန်သူ စစ်သား ရဲသား ၆၇ ယောက်သေဆုံးကာ ၁၀၀ လောက်ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတလအတွင်း အရှေ့ပိုင်းခရိုင်မှာ ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်နဲ့ ၄၀မမ ဗုံးသီးလောင်ချာ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနောက်ပိုင်းခရိုင်မှာ ဗုံး ခွဲမှု ၃ကြိမ်ဆောင်ရွက်ကာ ရန်သူ စစ်သား ရဲသား ၅ ယောက်သေဆုံး အများအပြား ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ပိုင်းခရိုင်မှာ ပစ်ခတ်မှု ၁ ကြိမ် ဗုံးခွဲမှု ၆ ကြိမ် ၄၀ မမ ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြောက်ပိုင်းခရိုင်မှာ ဗုံးခွဲမှု ၁၃ကြိမ် ၄၀ မမ ဗုံးသီးလောင်ချာနဲ့ ၄ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေး ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို စစ်ဆင်ရေးမှာ ရန်ကုန်တိုင်းစစ်ဒေသ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းတဲ့ ပြည်သူတွေကို အထူး ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.