ဖေဖော်ဝါရီ ၃ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု

ဖေဖော်ဝါရီ ၃ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
==============================

⚠️ ကလေးမြို့ တောင်ပိုင်းမှာ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၇ စီးပါသည့် ယာဉ်တန်းသည် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် ရပ်ကာ စစ်ကောင်စီဝင်များ နတ်မြောင်းဘက်သို့ လမ်းမကြီး တစ်လျှောက် လမ်းလျှောက် ဖြန့်တက်လာစဉ် မိုင်း ၂၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီဝင် ၃၀ ဦးခန့် ထိမှန်သွားကြောင်း PDF (Kalay) က သတင်းထုတ်ပြန်ပါတယ်။

⚠️ ထို့ပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ ကလေးမြို့မှ တောင်ပိုင်းသို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ကား ၅စီး သာယာကုန်းရွာဘက်သို့ စစ်ကြောင်းဖြန့်တက်လာရာ နေ့လယ် ၁၂ နာရီတွင် သာယာကုန်းရွာ၏ မြောက်ဘက်တွင် PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ရှောင်တခင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၁ နာရီခန့် ရှိခဲ့ကြောင်း PDF (Kalay) က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဆိုပါ သာယာကုန်းရွာ မြောက်ဘက်တွင် ဖြစ်ပွါးခဲ့သည့်တိုက်ပွဲတွင် ကလေး PDF က နှစ်ယောက်ကျဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင်များ၏ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး။

⚠️တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဆားခဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊ ပုလော PDF နှင့် PRDF တို့က လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီးစစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီများကို သိမ်းဆည်းရမိကြောင်း PDF ပုလော က သတင်းထုတ်ပြန်ပါတယ်။ နံနက် ၆ နာရီ ၄၈ မိနစ်တွင် ၁ ကြိမ်၊ နံနက် ၇ နာရီမှ ၈ နာရီကြားတွင် ၁ ကြိမ် KNLA ပူးပေါင်းတပ်ဖွဲ့မှ လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ စစ်ကူများ ထပ်မံဖြည့်တင်းထားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရှိရတာပါ။

⚠️အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း အောင်သာယာကျေးရွာအနီးတွင် သံဖြူဇရပ်မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၂ ရက် ည ၁၀ နာရီခန့်၌ ရေးမြို့နယ် ဒေသကာကွယ်ရေး ၂ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကား ၃ စီး ပျက်စီးသွားကြောင်း သတင်းရရှိပါတယ်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် စစ်အင်အားဖြည့်တင်းရန်လာရောက်သည့် ယာဉ်များဖြစ်ကြောင်း၊ အောင်သာယာနှင့် လိမ္မောခြံကျေးရွာကြားတွင် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကား ၃ စီး ပျက်စီးကြောင်း၊ စစ်သား သေဆုံးစာရင်းကို မသိရှိရသေးကြောင်း ဒေသကာကွယ်ရေး ၂ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

⚠️ဖားကန့် မြို့နယ် လုံးခင်းကျေးရွာ အုပ်စု ဥရုချောင်း အရှေ့ ဘက် ခြမ်းရှိ ဂျာရာယန် စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၃ နာရီခန့် အချိန် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၆ မှ KIA တပ်ဖွဲ့ဝင်များနှင့် PDF များ သွားရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။ ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်များ အထိအခိုက် အကျအဆုံး များနိုင်ပြီး တိုက်ပွဲ အခြေ အနေ အသေး စိတ် ကို မသိရှိရသေးကြောင်း၊ ယနေ့ နံနက် ၅ နာရီ ကျော်မှ ဖားကန့်ဗျုဟာကုန်း မှ လက်နက်ကြီး ၁၀ ချက် ကျော် ရမ်းကား ပစ်ခတ်နေ ကြောင်း သိရှိရပါတယ်။

⚠️ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာ ရီခန့်အချိန် ဖားကန့် စည်ပင်ရုံး အနီး ဗုံး ၁ လုံး ပေါက် ကွဲခဲ့ ပြီး ပေါက်ကွဲသံ အလွန်ကျယ်ကြောင်း သိရှိရပါတယ်။

⚠️အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာရှိ ရဲကင်း စခန်း ကို ယနေ့ နံနက် ၃ နာရီခွဲ အချိန်တွင် KIA တပ်ရင်း ၃၅ နှင့် PDF ပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ ရှင်းလင်းလိုက်ရာတွင် စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦး သေဆုံးကြောင်း PDF သတင်း ရင်းမြစ် များ ထံမှ သိရှိရပါတယ်။

⚠️ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲမှ နံနက် ၄ နာရီခွဲအချိန်အထိ KIA ရင်း ၃၅ နှင့် PDF ပူးပေါင်းတပ်များက မိုးညှင်းမြို့နယ် မော်ဟန် ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီအရာရှိ ၂ ဦး သေဆုံးပြီး အရှင် ဖမ်း မိသူတချို့လည်းရှိကြောင်း၊ လက်နက်နှင့် ခဲယမ်း အများ အပြား သိမ်း ဆည်း ရမိပြီးနောက် ရဲကင်းစခန်းမီးရှို့ ရှင်း လင်း လိုက် ကြောင်း သိရှိရပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.