ဖေဖော်ဝါရီ ၂၇ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဖေဖော်ဝါရီ ၂၇ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
===============================

⚠️စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာရှိ CDM ဆရာမ တစ်ဦး နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၆ရက်နေ့ ဝင်ရောက်ဖျက်ဆီးခဲ့ပြီးနောက် အပြန် မုံရွာ-အမြင့်လမ်းသို့ ဆင်းလာစဉ် ဒေသခံကာကွယ်ရေး ညီနောင်မဟာမိတ်(၅)ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ၊စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုပါတယ်။ ထို့ပြင် CDM ကျောင်းဆရာမနေအိမ်အား စစ်တပ်ထံ သတင်းပေး တိုင်ကြား ခဲ့သည့် ပျူစောထီး အဖွဲ့ဝင် ဇော်မိုးလွင်ကိုလည်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆နာရီခန့်တွင် ဗိုလ်စနေအဖွဲ့က ၎င်းနေအိမ်၌ပင်ရှိနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် CDM ကျောင်းဆရာမ နေအိမ်ရှိ ရေခဲသေတ္တာ၊ TV နှင့် အိမ်တွင်း ပစ္စည်းများ အားလုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ခြိမ်းခြောက်စာများပါ ရေးသားခဲ့ပြီး ညောင်ပင်ဇောက် ကျောက်ပေါက် အနီးအနားရှိ တဲအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးပြီး ကျောက်ပေါက်အနီး ဘုံဆိုင်မှ ဆိုင်ရှင်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရတာပါ။

⚠️ ထိုသို့ ဖျက်ဆီးမှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်ဖွဲ့များ မုံရွာ-အမြင့်လမ်းသို့ ဆင်းလာစဉ် ညောင်ပင်ဇောက်ကျောက်ပေါက်၌ ဒေသခံ ညီနောင် မဟာမိတ်(၅)ဖွဲ့ဖြစ်သည့် ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Lighting PDF၊ Monywa PEREGRINE PDF၊Monywa Black Eagle PDF နှင့် Chaung U Local Defence Force မှမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

⚠️ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ ၏ ဂိတ်စခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် စနိုက်ပါများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရနိုင်ကြောင်း သတင်းရရှိပါတယ်။ KNDF တပ်ရင်း ၄ နှင့် တပ်ရင်း ၈ တပ်ဖွဲ့များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂ မိနစ်တွင် ခမရ ၄၂၈ ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများ အီနာဂါ ဗုံးသီးများဖြင့် မိနစ် ၅၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရတာပါ။ ယင်းနောက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် KNDF တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။

⚠️ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် စစ်ကောင်စီတပ်များ တပ်စွဲထားသော တိုင်းရင်း ဆေးရုံ ဝင်းအတွင်းသို့ PDF ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွှု် ၄၀ မမ ဗုံးသီး လက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရတာပါ။

ရေဦးမြို့နယ် တိုင်းရင်းဆေးရုံဝင်းအတွင်းတွင် စစ်ကောင်စီတပ်များက တပ်စွဲ ထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယင်းဆေးရုံဝင်းအတွင်းတွင် ဆေးကုသူ မရှိသကဲ့သို့ တိုင်းရင်းဆေးဆရာများလည်း မရှိတော့ကြောင်း၊ ယနေ့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရေဦးမြို့နယ် PDF၊ ပကဖ နှင့် ဒေသတော်လှန်ရေးအဖွဲ့ခွဲတို့ပူးပေါင်းပြီး ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်အထိ စစ်သားများ သေဆုံးထိခိုက်မှု အခြေအနေ မသိရှိရ သေး ကြောင်း ရေဦးပကဖက ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆေးရုံများ၊ စာသင်ကျောင်းများ၊ဘုရား စေတီများနှင့်ဘုန်းကြီးကျောင်းများတွင် တပ်စွဲ၍ အများပြည်သူကို ဖမ်းဆီး ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=========================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေ မှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၂၆.၂. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၈ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက် လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.