ဖေဖော်ဝါရီ ၁၉ ရက်တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု

ဖေဖော်ဝါရီ ၁၉ ရက်တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
==============================

⚠️ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်ဌာနချုပ်ထဲကို People’s force (Yangon) အဖွဲ့က မနေ့ကဝင်ရောက် ဗုံးခွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ YAK 130 တိုက်လေယာဉ် ၂ စီးပျက်စီးခဲ့ပါတယ်။ People’s force (Yangon) ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ယမန်နေ့(ဖေဖေါ်ဝါရီ၁၈ရက်) က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းနဲ့တိုင်း ရင်းသားဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ Fighter ဂျက်လေယာဉ်တွေ ထားရှိတဲ့နေရာကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ကာလေယာဉ်ကို ဗုံးဆင်ခဲ့ပြီး ည ၁၁နာရီ၄၀မိနစ်တွင် အဝေးမှ အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ ဒီနေ့မနက်မှာ သတင်းထုတ်ပြန်လိုက်တာပါ။ PVTV သတင်းဌာနရဲ့ စုံစမ်းမှုအရတော့ ပျက်ဆီးသွားတဲ့ တိုက်လေယာဉ်နှစ်စီးက YAK 130 တိုက်လေယာဉ်တွေ ဖြစ်ပြီး လေယာဉ်အမှတ် 1802 နဲ့ 1803 တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်တွေကို အကြမ်းဖက်ခေါင်း ဆောင်မင်းအောင်လှိုင်က သပြေခတ်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း PVTV ကရရှိထားပြီး မင်းအောင်လှိုင် လက်နဲ့ထိတဲ့ဟာ မှန်သမျှ ပျက်ဆီးရတယ်ဆိုတဲ့ အတိတ်နိမိတ်တွေကြောင့် ဒီလိုဖြစ်ရတာဆိုပြီးလည်း လေတပ်အသိုင်းအဝန်းမှာပြောနေကြတယ်လို့ သိရပါတယ်။

⚠️စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ အနောက် မြောက်တိုင်းစစ်ချုပ်ဝန်းထဲမှာရှိတဲ့ လေတပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်ကို Freedom Revolution Force (FRF) နဲ့အတူ KG ဗိုလ်လင်းယုန်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲဒီလေတပ်စခန်းမှာ စစ်ဘက်သုံး Mi35ရဟတ်ယာဉ်နဲ့ မောင်းသူမဲ့Drone တွေလည်းရှိပြီးတော့ ကျေးရွာတွေကို ဖျက်ဆီး၊ ပြည်သူတွေကို ပစ်သတ်တာတွေလုပ်နေတဲ့ စစ်ဘက်သုံးလေယာဉ်တွေ ထားရှိရာနေရလည်းဖြစ်ပါ တယ်။

⚠️ရန်ကုန်တိုင်း၊ သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစ်စီးပေါ်သို့ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီး သေနတ်များဖြင့် ပစ်ခတ်ကြောင်း‌ တပ်သတင်းရင်းမြစ်က ပြောပါတယ်။ ရဲနဲ့ စစ်သား ၄ ဦးထိပြီး၂ ဦးကတော့ စိုးရိမ်ရတဲ့ဒဏ်ရာ အပြင်း အထန်ရကြောင်း သေဆုံးဖို့များကြောင်းတပ်သတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိအချိန်တွင် ပစ်ခတ်သွားသူများကို ဖမ်းမိခြင်းမရှိဘဲ သာကေတမြို့နယ်အပါအဝင် မြို့နယ်အများအပြားကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးရှာဖွေနေကြောင်းသိရပါတယ်။

⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်များ⚠️
======================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှု များကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၈.၂. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၆ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၄ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ် ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.