ဖေဖော်ဝါရီ ၁၃ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု

ဖေဖော်ဝါရီ ၁၃ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
==============================

⚠️ ချင်းပြည်နယ်နှင့်မကွေးတိုင်းအစပ်တွင် အင်အား ၃၀၀ကျော် ပါဝင်သော စစ်ကောင်စီ ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးကြောင်း PDF ပူးပေါင်းတပ်များက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ နံနက် (၆) နာရီ ခွဲ အချိန်ခန့်မှ စတင်ပြီး YDF – (Saw & Kyaukhtu ) ၊ PDF – (Saw) ၊ CDF – (Kanpetlet) ၊ CNA/CNF ၊ ပေါက် တောင်ပိုင်းပျောက်ကျားတပ်ဖွဲ့များနှင့် အကြမ်းဖက် စကစ တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြာချိန် တစ်နာရီ ခွဲ ခန့် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်အင်အား (၃၀၀) ကျော် ၊ စစ်ယာဥ်တန်း (၁၆) စီးပါဝင်သော အကြမ်းဖက် စကစ စစ်ကြောင်းမှာ အထိနာ၍ ရှေ့မတိုးနိုင်ဘဲ ဖြစ်သွားကြောင်း၊ စစ်တပ်ဘက်မှ အနည်းဆုံး (၂၀) ဦးခန့် သေဆုံးကြောင်း YAW Defence FORCEက ထုတ်ပြန်ခဲ့တာပါ။
⚠️ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ကွင်းချောင်းလေးကျေးရွာရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel ဆက်သွယ်ရေးဖုန်းတာဝါတိုင်နှင့် ဆက်စပ် စက်ပစ္စည်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဘိုကလေးဧရာဗေဒါ၊ ကျိုက်လတ်ဧရာဗေဒါနှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့က ဖေဖေါ်ဝါရီလ ၁၃ ရက် နံနက် ၂ နာရီခွဲတွင် ဖောက်ခွဲမီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရပါတယ်။ ဖျာပုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (ဧရာဗေဒါ) အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာရှင် စစ်ဘီလူးများကို အမြစ်ပြတ်သည်အထိ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် ဖျာပုံ PDF (ဧရာဗေဒါ) တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
=======================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက် သတ်ဖြတ် နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင် ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၂.၂. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.