ဖေဖော်ဝါရီ ၁၀ ရက် တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
==============================
⚠️ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့်မင်းကင်းမြို့နယ် တိုက်ပွဲများတွင် စစ်ကောင် စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ် ပြန်ချက်အရ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မြောင်မြို့နယ်မှ ဆင်းလာသော စစ်ကောင်စီအင်အား ၅၀ ခန့်သည် T.G.R ထုတ်လုပ်ရေးစခန်းသို့ ဦးတည်လာသဖြင့် PDF ပူးပေါင်းအဖွဲ့က အပြန်အလှန် ပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) နှင့် (11 Brothers Revolution Force) ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး အပြန်အလှန် ပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) က သတင်းထုတ်ပြန်ပါတယ်။
⚠️ အလားတူ မင်းကင်းမြို့နယ်တွင်လည်း MKPDF-B/3 တပ်ခွဲ ၁ ၊ ပျောက်ကျားတပ်စိပ် ၂ က စစ်ကောင်စီတပ်စွဲထားသော မင်းကင်းမြို့နယ် စနဗျင်းရွာကို နေရာယူ ချဥ်းကပ်စောင့်ကြည့်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၀၁ နာရီ ၁၅ မိနစ်ချိန်တွင် ရွာကင်းစခန်းကို ပျောက်ကျားနည်းသုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း၊ MA-2 စက်ကလေးတစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
⚠️ ရခိုင်ပြည်နယ်၊ မောင်တောတွင် AA နှင့် အကြမ်းဖက် စစ်တပ်များ တိုက်ပွဲများ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသွားသူများမှာ ကြည်း ၃၉၆၃၈ ဗိုလ်မှူးမြင့်ဆွေဝင်း၊ တ-၆၆၃၀၆၂ တပ်ကြပ်ကြီး အောင်မြင့်ဆွေ၊ တ- ၁၀၄၃၇၇ တပ်ကြပ်သန်းထွေး ၊ တ- ၃၇၄၅၇၂ တပ်ကြပ်ယာဉ်မြင့်၊ ကိုယ်ပိုင်နံပါတ် တ-၃၉၂၃၉ ဒုတပ်ကြပ်ဘတင်၊ တ-၅၁၃၈၈၈ တပ်သား ထိန်လင်းအောင်၊ တ-၅၁၃၁၄၇ တပ်သားအောင်အောင်တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်၏ အမိန့် ပြန်တမ်းအရ သိရှိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် စစ်သားများ လိုက်ပါသော သစ်တင်ကားကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ စစ်သား ၇ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံးသွားခြင်းဖြစ်ပါတယ်။
⚠️ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာ ဖေဖော်ဝါရီလ ၁၀ရက် ညနေ၅ နာရီချိန်က CDF-KKG ၊ ကလေးခရိုင် PDF တပ်ရင်း (၄)၊ ဟားခါး PDF တပ်ရင်း (၁)၊ TDGF(ချင်းကွန်မန်ဒိုတပ်ဖွဲ့) ပူးပေါင်း အဖွဲ့တို့ စကစ နေရာနှင့် လမ်း ကြောင်းများကို Drone ဖြင့် ကင်းထောက်ခဲ့၍ ဝင်ရောက်တိုက်ခိုက်ရာ စကစ တပ်သား (၁၆)ဦး ၊ ပျူ (၂)ဦးသေဆုံးခဲ့။ ကြံသာ ကျေးရွာကို မိမိတို့ဘက်မှ သိမ်းပိုက်နိုင်ခဲ့၍ စကစ စခန်းချသည့် ဂိုဒေါင်(အောင်မေကြည်ပွဲရုံ)ကို မီးရှို့ခဲ့။ ပျူစောထီးအများအပြားကို ဖမ်းဆီးရမိပြီး ချင်းတပ်မတော်သား (၁)ဦး ခြေထောက်ဖြတ်ရမည့် အခြေအနေထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
======================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ် နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အ ရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၉. ၂. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၂၃ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက် ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။