“ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အမေရိကန်အစိုးရက သိမ်းထားတဲ့ ၁ ဘီလျံဟာ ကျတော်တို့ ပြည်သူတွေပိုင်တဲ့ ပိုက်ဆံတွေပါ၊ ကျွန်တော်တို့နိုင်ငံတော်ပိုင်တဲ့ ပိုက်ဆံပါ။ ပြည်သူတွေပိုင်တဲ့ပိုက်ဆံဆိုပေမယ့်လို့ အမေရိကန်အစိုးရဘက်က ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်က မတရားသဖြင့် ဖမ်းဆီးဖယ်ရှားတဲ့အခါမှာ အာဏာဝင်ယူလိုက်တဲ့ ဒီစစ်ကောင်စီကို လက်မခံနိုင်လို့ မနှစ်မြို့လို့ ပြည်သူတွေပိုင်တဲ့ပိုက်ဆံကို အမေရိကန်အစိုးရကနေ ကြားကနေ ခဏဝင်ထိန်းလိုက်တဲ့ သဘောပါ။ ဒီပိုက်ဆံနဲ့ပတ်သက်ပြီး ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းလက်ခံထားတာက ဒီပိုက်ဆံသည် ကျွန်တော်တို့ပြည်သူတွေပိုင်တဲ့ပိုက်ဆံဖြစ်ပါတယ်။ စစ်ကောင်စီလက်ထဲကိုရောက်သွားမှာစိုးလို့ အမေရိကန်အစိုးရကနေပြီးတော့ ဒီမိုကရေစီလိုလားတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့အတွက် သူတို့တတ်နိုင်တဲ့ဘက်က ဒီပိုက်ဆံကို ခေတ္တဝင်ရောက်ထိန်းသိမ်းထားတဲ့သဘောဖြစ်ပါတယ်။ ဒီသဘောတရားကိုကိုင်ပြီးတော့ ကျတော်တို့က ဒီပိုက်ဆံကို ပြည်သူလိုလားတဲ့ ပြည်သူကနေယုံယုံကြည်ကြည်ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကနေ ထပ်ဆင့်ပြီးတော့မွေးဖွားလာတဲ့ NUG အစိုးရ၊ တနည်းအားဖြင့် ပြောရရင် NUG အစိုးရဆိုတာ ပြည်သူကနေရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရ၊ ဒီအစိုးရကသာလျှင် ပြည်သူပိုင်တဲ့၊ နိုင်ငံတော်ကနေ ပိုင်ဆိုင်ထားတဲ့ ကန်ဒေါ်လာ ၁ ဘီလျံကို ရယူသုံးစွဲခွင့်ရှိတယ်”
ဦးတင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#SpringRevolution
#PVTV
Like – 10K Share – 938