ဖေဖော်ဝါရီလထဲမှာ လူသားချင်းစာနာမှုအကူအညီအတွက် ကျပ်သန်းပေါင်း ၁၈၆.၅၅ ကို ထောက်ပံ့ကူညီနိုင်ခဲ့ တယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ထုတ်ပြန်
မတ် ၁၇ ၊ ၂၀၂၂
ဖေဖော်ဝါရီလထဲမှာ လူသားချင်းစာနာမှုအကူအညီဆိုင်ရာတွေကို ပြည်သူတွေကို ပေးခဲ့ရာမှာ ကျပ်သန်းပေါင်း ၁၈၆.၅၅ အထိကို ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေပြုလုပ်နေ တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်မယ်လို့ ထင်ရတဲ့နေရာတွေကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်စစ် ဆင်နွှဲရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ အသက်ဆုံးရှုံးရ သူတွေရဲ့ မိသားစုဝင်တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမူအကူအညီလိုအပ်သူတွေ ကို လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနဲ့ လက်တွဲ ချိတ်ဆက်ပြီး အတက်နိုင်ဆုံးကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဝန်ကြီးဌာနအနေနဲ့ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ အတားအဆီးအမျိုးမျိုးကြားကနေ ထောက်ပံ့မှုတွေကို ဘေး ဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေ လက်ဝယ်ကို ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အ ဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ၊ စေတနာ့ဝန်ထမ်းပြည်သူတွေအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းလည်း ဖော်ပြထား ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။