ဖားကန့်က စစ်ကောင်စီတပ် စခန်း တစ်ခုကို ကေအိုင်အေနဲ့ PDFတွေထပ်မံ သိမ်း
ဖေဖော်ဝါရီ ၃၊ ၂၀၂၂
ကချင်ပြည်နယ် ဖားကန့် လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းတဖက် ကမ်းဂျာရာယန်ကျေးရွာက စစ်ကောင်စီတပ်စခန်း ကို ကေအိုင်အေနဲ့ PDFတွေက ဒီနေ့ မနက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Kachinwaves သတင်းမှာ ဖော်ြပထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်မှာ ကေအိုင်အေနဲ့ PDF သွားရောက်တိုက်ခိုက်ခဲ့တာြဖစ်တယ်လို့ သိရပါတယ်။
ဖားကန့် စစ်ကောင်စီ ဗျုဟာကုန်းကလဲ လက်နက်ကြီး ၁၀ ချက်ကျော် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ် မော်ဟန် က စစ်ကောင်စီ ရဲ စခန်း တစ်ခုကိုလဲ ဒီနေ့ မနက် အစောပိုင်းက ကေအိုင်အေ နဲ့ PDF တွေက သိမ်းပိုက်ခဲ့တာြဖစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Photo Credit – Kachinwaves